e-book တွေ ပေါ်လာပေမယ့် ပုံနှိပ်စာအုပ်ဖတ်ရူမှု မလျော့သွားဘဲ ပိုတိုးလာ

0
214








ဒစ်ဂျစ်တယ်စာအုပ် e-book တွေ ပေါ်လာပေမယ့် လူငယ်တွေဟာ ပုံနှိပ်စာအုပ်ဖတ်ရူမှုမလျော့သွားဘဲ ပိုတိုးလာတယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်စာအုပ် e-book တွေ ထွက်ပေါ်လာပေမယ့် စာဖတ်တဲ့ လူငယ်အများစုဟာ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေကို ဖတ်ရူမှု လျော့မသွားဘဲ အရေအတွက် ပိုတိုးလာတယ်လို့ Read 2 Read Myanmar ဒါရိုက်တာ ဦးမျိုးအောင်က ပြောပါတယ်။

Soundbite – ဦးမျိုးအောင် (ဒါရိုက်တာ) Read 2 Read Myanmar

ဒါ့အပြင် မြန်မာနိုင်ငံက လူကြီး၊ လူငယ်တွေဟာ စာဖတ်အားကောင်းကြပေမယ့် ထုတ်ဝေသူအပိုင်းက စာဖတ်သူတွေကို စာအုပ်ကောင်းတွေကို ပိုမိုသိရှိနိုင်ဖို့ သတင်းအချက်အလက် မပေးနိုင်တာကြောင့် စာဖတ်သူတွေနဲ့စာအုပ်ဝေးခဲ့ရတာရှိပါတယ်။

ဒီအတွက် စာဖတ်သူတွေ စာပေတွေနဲ့ ပိုမိုထိတွေ့နိုင်ဖို့ ဒစ်ဂျစ်တယ်စာအုပ်တွေအပြင် ပုံနှိပ်စာအုပ်ဖတ်ရူလိုသူတွေဖတ်ရူနိုင်အောင် အိမ်တိုင်ရာရောက် စာအုပ်ပေးပို့တဲ့ လုပ်ငန်းတွေလည်း အောင်မြင်မှုတွေရှိလာတယ်လို့လည်း ပြောပါတယ်။

Soundbite – ဦးမျိုးအောင် (ဒါရိုက်တာ) Read 2 Read Myanmar

ကျောင်းသားလူငယ်တွေ စာပေဖတ်ရှု့မှုကို ပိုမိုနှစ်သက်လာဖို့ အနားယူသွားတဲ့ သမ္မတကြီးဦးထင်ကျော် လက်ထက်က စတင်ကာ ကလေးစာပေပွဲတော်တွေနဲ့ စာအုပ်ဈေးပွဲတော် ကျင်းပခဲ့ပါတယ် ခင်ဗျာ။

?bph6