
0
342


အဲဒီညီလာခံမှာ ဝိဇ္ဖာ၊ သိပ္ပံ ပညာရပ်တွေ၊ အင်ဂျင်နီယာနဲ့ နည်းပညာရပ်တွေ၊ ကွန်ပျူတာ ပညာရပ်တွေ၊ စီးပွားရေးဆိုင်ရာ ပညာရပ်တွေ၊ ဆေးနဲ့ နှီးနွယ်ပညာရပ်တွေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အနုပညာရပ်တွေ၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးစတဲ့ ပညာရပ်ဆိုင်ရာ အသုံးချ သုတေသန စာတမ်းတွေ ဖတ်ကြားနိုင်ဖို့ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်တွေကို အသိပေးအကြောင်းကြားသွားမှာ ဖြစ်ပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့တက္ကသိုလ်တွေရဲ့ သုတေသန ညီလာခံ ကျင်းပမယ်

နိုင်ငံတော်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုစေမယ့် အသုံးချသုတေသန ဆောင်ရွက်မှုတွေကို အရည်အသွေးရှိစွာနဲ့ ဆန်းသစ်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ့ တက္ကသိုလ်တွေရဲ့ သုတေသန ညီလာခံကို ၂၀၁၉ ခုနှစ် မေလ နောက်ဆုံးပတ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ ဝိဇ္ဖာ၊ သိပ္ပံ ပညာရပ်တွေ၊ အင်ဂျင်နီယာနဲ့ နည်းပညာရပ်တွေ၊ ကွန်ပျူတာ ပညာရပ်တွေ၊ စီးပွားရေးဆိုင်ရာ ပညာရပ်တွေ၊ ဆေးနဲ့ နှီးနွယ်ပညာရပ်တွေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အနုပညာရပ်တွေ၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးစတဲ့ ပညာရပ်ဆိုင်ရာ အသုံးချ သုတေသန စာတမး်တွေ ဖတ်ကြားနိုင်ဖို့ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်တွေကို အသိပေးအကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

အမျိုးသားပညာရေး မူဝါဒ ကော်မရှင်နဲ့ ပါမောက္ခချုပ်များ ကော်မတီတို့က ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး စတင်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

?bph6