လူငယ္ တခ်ိဳ႕က စာဖတ္တာကို ဟန္ျပဖက္ရွင္တစ္ခုအေနနဲ႔ ဖတ္႐ႈ႕ေနၾက

0
507

လူငယ္ တခ်ိဳ႕က စာဖတ္တာကို ဟန္ျပဖက္ရွင္တစ္ခုအေနနဲ႔ ဖတ္႐ႈ႕ၾကတာျဖစ္တယ္လို႔ လူငယ္စာေရးဆရာ မင္းတေခတ္က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားတာပဲ ျဖစ္ပါတယ္။

အခုေခတ္ လူငယ္ေတြဟာ ေခတ္မီ နည္းပညာေတြ ဖြံ႕ၿဖိဳးလာသလို မိုဘိုင္းဖုန္း၊ ဂိမ္း၊ ဗီဒီယို စတဲ့ အီလက္ထေရာနစ္ပစၥည္းမ်ားနဲ႔သာ အခ်ိန္ကုန္ေနတာေၾကာင့္ စာအုပ္စာေပ ဖတ္႐ႈ႕ေလ့လာတာေတြ အားနည္းလာတယ္လို႔ ေ၀ဖန္မႈေတြရွိေနတာပါ။

ဒါ့အျပင္ တစ္ခ်ိဳ႕ လူငယ္ေတြဟာ ေပၚျပဴလာျဖစ္တဲ့ စာအုပ္ေတြကိုသာ ဝယ္ယူၿပီး လူစည္ကားရာေနရာေတြမွာသာ ဟန္ျပထုတ္ဖတ္ၾကတာျဖစ္တယ္လို႔ လူငယ္စာေရးဆရာ မင္းတေခတ္က ေျပာပါတယ္။

ဇန္နဝါရီလ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Yangon Book Plaza မွာ စာေရးဆရာ မင္းတေခတ္ရဲ႕ စုန္းကိတ္ကဗ်ာ စာအုပ္မိတ္ဆက္တဲ့ အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite – မင္းတေခတ္ (စာေရးဆရာ)

အရင္က နည္းပညာေတြမတိုးတက္ခင္က လူငယ္အမ်ားစုစာဖတ္ပရိတ္သတ္ေတြဟာ စာအုပ္ဆိုင္ေတြကေန ငွားရမ္းဖတ္႐ႈၾကၿပီး အမွန္တကယ္လည္း စာဖတ္အား ေကာင္းၾကတယ္လို႔လည္း စာေရးဆရာ မင္းတေခတ္ေျပာပါတယ္။

Soundbite – မင္းတေခတ္ (စာေရးဆရာ)

လူငယ္စာေရးဆရာ မင္းတေခတ္ဟာ ဇာတ္ညႊန္းေတြေရးသားတာေၾကာင့္ စာေပဘက္မွာ အားေလ်ာ့ခဲ့တယ္လို႔လည္း ေျပာပါတယ္။ အခုထြက္ရွိတဲ့ စုန္းကိတ္ကဗ်ာ စာအုပ္ထဲမွာ လူငယ္ေတြ အႀကိဳက္ေတြ႕ေစမယ့္ အခ်စ္၊ လူမႈဘဝဒႆန ပါ၀င္တဲ့ ကဗ်ာေတြ ပါ၀င္ပါတယ္ခင္ဗ်ာ။

လူငယ် တချို့က စာဖတ်တာကို ဟန်ပြဖက်ရှင်တစ်ခုအနေနဲ့ ဖတ်ရှု့ကြတာဖြစ်တယ်လို့ လူငယ်စာရေးဆရာ မင်းတခေတ်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားတာပဲ ဖြစ်ပါတယ်။

အခုခေတ် လူငယ်တွေဟာ ခေတ်မီ နည်းပညာတွေ ဖွံ့ဖြိုးလာသလို မိုဘိုင်းဖုန်း၊ ဂိမ်း၊ ဗီဒီယို စတဲ့ အီလက်ထရောနစ်ပစ္စည်းများနဲ့သာ အချိန်ကုန်နေတာကြောင့် စာအုပ်စာပေ ဖတ်ရှု့လေ့လာတာတွေ အားနည်းလာတယ်လို့ ဝေဖန်မှုတွေရှိနေတာပါ။

ဒါ့အပြင် တစ်ချို့ လူငယ်တွေဟာ ပေါ်ပြူလာဖြစ်တဲ့ စာအုပ်တွေကိုသာ ဝယ်ယူပြီး လူစည်ကားရာနေရာတွေမှာသာ ဟန်ပြထုတ်ဖတ်ကြတာဖြစ်တယ်လို့ လူငယ်စာရေးဆရာ မင်းတခေတ်က ပြောပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ Yangon Book Plaza မှာ စာရေးဆရာ မင်းတခေတ်ရဲ့ စုန်းကိတ်ကဗျာ စာအုပ်မိတ်ဆက်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite – မင်းတခေတ် (စာရေးဆရာ)

အရင်က နည်းပညာတွေမတိုးတက်ခင်က လူငယ်အများစုစာဖတ်ပရိတ်သတ်တွေဟာ စာအုပ်ဆိုင်တွေကနေ ငှားရမ်းဖတ်ရှုကြပြီး အမှန်တကယ်လည်း စာဖတ်အား ကောင်းကြတယ်လို့လည်း စာရေးဆရာ မင်းတခေတ်ပြောပါတယ်။

Soundbite – မင်းတခေတ် (စာရေးဆရာ)

လူငယ်စာရေးဆရာ မင်းတခေတ်ဟာ ဇာတ်ညွှန်းတွေရေးသားတာကြောင့် စာပေဘက်မှာ အားလျော့ခဲ့တယ်လို့လည်း ပြောပါတယ်။ အခုထွက်ရှိတဲ့ စုန်းကိတ်ကဗျာ စာအုပ်ထဲမှာ လူငယ်တွေ အကြိုက်တွေ့စေမယ့် အချစ်၊ လူမှုဘဝဒဿန ပါဝင်တဲ့ ကဗျာတွေ ပါဝင်ပါတယ်ခင်ဗျာ။