အဆိုေတာ္ႀကီး လား႐ိႈး သိန္းေအာင္ ကြယ္လြန္

0
634

စတီရီယို အဆိုေတာ္ႀကီး လား႐ိႈး သိန္းေအာင္ (၇၂ ႏွစ္) ဟာ အေမရိကန္ႏုိင္ငံ၊ တကၠဆပ္ျပည္နယ္၊ ဟူစတန္ၿမိဳ႕မွာ ဒီေန႔ ဒီဇင္ဘာလ ၂၈ ရက္ ေန႔လယ္ပိုင္းက ႏွလံုးေရာဂါနဲ႔ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

ဂ်င္မီ ဂ်က္လို႔လည္း လူသိမ်ားၾကတဲ့ လား႐ိႈး သိန္းေအာင္ဟာ ၁၉၇၂ ခုႏွစ္မွာ ေတာခိုသြားခဲ့ၿပီးေနာက္ အဲဒီကတဆင့္ အေမရိကန္ႏိုင္ငံကို ေရာက္ရွိသြားခဲ့ပါတယ္။

စက္ေခါင္းအမွတ္ (၀၀၉)၊ ႏႈတ္မဆက္နဲ႔ ငိုခ်င္တယ္၊ ပန္းဘုရင္မေလး၊ မုန္းမုန္းေမ့ေမ့၊ မိန္းကေလးထဲက မိန္းကေလး၊ အေမတစ္ခု သားတစ္ခု စတဲ့ နာမည္ေက်ာ္ သီးခ်င္းေတြ အပါအဝင္ သီးခ်င္းေပါင္း ၆၀ နီးပါး သီဆိုခဲ့ပါတယ္။ အေမရိကန္မွာ ေနထိုင္ရင္း သီခ်င္းအသစ္ေတြကိုလည္း ေရးစပ္ကာ လူမႈကြန္ရက္ Facebook မွာ တင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ “အေမေဒၚစု ျပန္လာၿပီ” စတဲ့ ဒီမိုကေရစီနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံတဲ့ သီခ်င္းေတြကို သီဆိုတီးခတ္ၿပီး Facebook မွာ တင္ခဲ့တဲ့အတြက္ တေက်ာ့ျပန္ ေခတ္စား လူႀကိဳက္မ်ားခဲ့ပါတယ္။ လား႐ိႈး သိန္းေအာင္ဟာ ႀကိဳးေပးကြပ္မ်က္ခံရတဲ့ ခ်င္းလူမ်ိဳး ေက်ာင္းသားေခါင္းေဆာင္ ဆလိုင္းတင္ေမာင္ဦးကို ဂုဏ္ျပဳၿပီး “ဆလိုင္းတင္ေမာင္ဦး (သို႔မဟုတ္) ခ်င္း ေအာက္ခ်င္းနီ” ဆိုတဲ့ သီခ်င္းကိုလည္း ေရးစပ္ခဲ့ဖူးပါတယ္။

အေမရိကန္မွာ အေျခခ်ေနထိုင္တာ ႏွစ္ေပါင္း ၄၀ ၾကာၿပီးေနာက္မွာ အဆိုေတာ္ႀကီး လား႐ိႈး သိန္းေအာင္ဟာ ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလ ၂၀ ရက္ေန႔က ျမန္မာႏိုင္ငံကို ပထမဆံုးအႀကိမ္ အလည္ ျပန္လာခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ တစ္ကိုယ္ေတာ္ သီဆိုေဖ်ာ္ေျဖပြဲ က်င္းပခဲ့ပါတယ္။

အဆိုေတာ္ႀကီး လား႐ိႈး သိန္းေအာင္ဟာ အေမရိကန္ ႏိုင္ငံသူ တစ္ဦးနဲ႔ အိမ္ေထာင္က်ၿပီး သမီးတစ္ေယာက္၊ သား ႏွစ္ေယာက္ ထြန္းကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အဆိုတော်ကြီး လားရှိုး သိန်းအောင် ကွယ်လွန်

အဆိုတော်ကြီး လားရှိုး သိန်းအောင်ဟာ အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဂျင်မီ ဂျက်လို့လည်း လူသိများကြတဲ့ လားရှိုး သိန်းအောင်ဟာ ၁၉၇၂ ခုနှစ်မှာ တောခိုသွားခဲ့ပြီးနောက် အဲဒီကတဆင့် အမေရိကန်နိုင်ငံကို ရောက်ရှိသွားခဲ့ပါတယ်။

စက်ခေါင်းအမှတ် (၀၀၉)၊ နှုတ်မဆက်နဲ့ ငိုချင်တယ်၊ ပန်းဘုရင်မလေး၊ မုန်းမုန်းမေ့မေ့၊ မိန်းကလေးထဲက မိန်းကလေး၊ အမေတစ်ခု သားတစ်ခု စတဲ့ နာမည်ကျော် သီးချင်းတွေ အပါအဝင် သီးချင်းပေါင်း ၆၀ နီးပါး သီဆိုခဲ့ပါတယ်။ အမေရိကန်မှာ နေထိုင်ရင်း သီချင်းအသစ်တွေကိုလည်း ရေးစပ်ကာ လူမှုကွန်ရက် Facebook မှာ တင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ “အမေဒေါ်စု ပြန်လာပြီ” စတဲ့ ဒီမိုကရေစီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ သီချင်းတွေကို သီဆိုတီးခတ်ပြီး Facebook မှာ တင်ခဲ့တဲ့အတွက် တကျော့ပြန် ခေတ်စား လူကြိုက်များခဲ့ပါတယ်။ လားရှိုး သိန်းအောင်ဟာ ကြိုးပေးကွပ်မျက်ခံရတဲ့ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုပြီး “ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) ချင်း အောက်ချင်းနီ” ဆိုတဲ့ သီချင်းကိုလည်း ရေးစပ်ခဲ့ဖူးပါတယ်။

အမေရိကန်မှာ အခြေချနေထိုင်တာ နှစ်ပေါင်း ၄၀ ကြာပြီးနောက်မှာ အဆိုတော်ကြီး လားရှိုး သိန်းအောင်ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပြန်လာလည်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။

အဆိုတော်ကြီး လားရှိုး သိန်းအောင်ဟာ အမေရိကန် နိုင်ငံသူ တစ်ဦးနဲ့ အိမ်ထောင်ကျပြီး သမီးတစ်ယောက်၊ သား နှစ်ယောက် ထွန်းကားခဲ့ပါတယ်။