၂၀၁၈ ခုႏွစ္အတြင္း ဘီပိုးျဖစ္ပြားမႈ ၁၁ ရာခိုင္ႏႈန္း စီပိုး ျဖစ္ပြားမႈ ၈ ရာခိုင္ႏႈန္းထိ ရွိေန

0
379

ျမန္မာႏုိင္ငံမွာ ၂၀၁၈ ခုႏွစ္အတြင္း အသည္ေရာင္အသား၀ါ B ပိုးေရာဂါ ျဖစ္ပြားမႈႏႈန္း ၁၁ ရာခုိင္ႏႈန္းနဲ႔ C ပိုးေရာဂါ ျဖစ္ပြားမႈႏႈန္းက ၈ ရာခိုင္ႏႈန္းအထိ ရိွေနပါတယ္။ ဒီသတင္းကုိ MCN မုံရြာ သတင္းေထာက္ ထြန္းလင္းဦး ကေပးပို႔ထားၿပီး ေမာင္သန္႔ ကတင္ဆက္ေပးထားပါတယ္။

အသဲေရာင္အသား၀ါ B ပိုးေရာဂါနဲ႔ C ပိုးေရာဂါ စစ္ေဆးမႈေတြ အပါအ၀င္ B ပိုး ေရာဂါကာကြယ္ေဆးကို ျမန္မာနိုင္ငံဆရာ၀န္အသင္း အစာအိမ္အူလမ္းေၾကာင္းနဲ႔ အသည္းပညာအဖြဲ႕က မုံရြာၿမိဳ႕ခံေတြကို အခမဲ့ ထိုးေပးခဲ့တာ ျဖစ္ပါတယ္။

ဒီဇင္ဘာလ ၂၃ရက္ေန႔က မုံရြာၿမိဳ႕ေတာ္ခန္းမမွာ အသဲေရာဂါအေၾကာင္း အသိပညာေပးတဲ့ အခမ္းအနားနဲ႔ B ပိုး၊ C ပိုးေရာဂါကာကြယ္ေဆး အခမဲ့ ထိုးေပးတဲ့ အခမ္းအနး ျပဳလုပ္ခဲ့တာပါ။

Sound Bite း (32)- ပါေမာကၡ ဦးေက်ာ္စိုးထြန္း(ျမန္မာနိုင္ငံဆရာ၀န္အသင္း
အစာအိမ္အူလမ္းေၾကာင္းႏွင့္ အသည္းပညာအဖြဲ႕ ဥကၠဌ ၊ အသဲေရာဂါအထူးကုဆရာ၀န္ႀကီး )

ျမန္မာနိုင္ငံမွာ အသဲေရာဂါနဲ႕အသဲကင္ဆာအျဖစ္အမ်ားဆံုးကေတာ့ အရက္ေသာက္သံုးမႈေၾကာင့္ျဖစ္ၿပီး အသဲေရာဂါဟာ ျဖစ္ပြားစမွာ ေရာဂါလကၡဏာမျပပဲ တျဖည္းျဖည္းအခ်ိန္ၾကာျမင့္လာခ်ိန္မွာ ေရာဂါလကၡဏာ ျပသတာလည္းျဖစ္ပါတယ္။

ကမၻာေပၚရွိ အသဲေရာဂါ B ပိုးမွာ ေရာဂါမျဖစ္ပြားခင္ ႀကိဳတင္ကာနိုင္တဲ႕ကာကြယ္ေဆးရိွၿပီး C ပိုးမွာ အခုခ်ိန္ထိ
ကာကြယ္ေဆးမရိွေသးတာျဖစ္ပါတယ္။ B ပိုးနဲ႕ C ပိုးဟာ ေရာဂါရိွသူနဲ႕ စပ္ယွက္နိုင္ေစမယ့္ မသန္႔ရွင္းတဲ႕ ေဆးထိုးအပ္ကိုသံုးစြဲမိတာ၊ တက္တူးထိုးတာ၊ ေရာဂါရိွသူနဲ႕အတူ လိင္ဆက္ဆံတာေတြေၾကာင့္ အျပင္ မိခင္က တဆင့္လည္း ရင္ေသြးငယ္ကို ကူးဆက္နုိင္တာျဖစ္ပါတယ္။

Sound Bite း (25) – ေဒါက္တာ ေဒၚျပည့္ထြန္းေအာင္ရွင္း (ျမန္မာနိုင္ငံအစာအိမ္အူလမ္းေၾကာင္းႏွင့္ အသဲေဖာင္ေတးရွင္း ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရးေကာ္မတီအဖြဲ႕၀င္ )

အသဲေရာင္အသား၀ါ B ပိုးနဲ႕ C ပိုးကူးစက္ခံရတဲ႕ လူနာဟာ ေရာဂါျဖစ္ပြားစဥ္မွာ ဆရာ၀န္ညႊန္ၾကားခ်က္အတိုင္း စနစ္တက်ကုသဖုိ႔လုိအပ္ၿပီး စနစ္တက်ကုသမကုသႏိုင္ပါက လူနာဟာ အသဲကင္ဆာဘက္ကို ကူးေျပာင္း သြားနိုင္တဲ့ အလားလာေတြရွိတယ္လို႔ ေျပာပါတယ္ ခင္ဗ်ာ။

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း အသည်ရောင်အသားဝါ B ပိုးရောဂါ ဖြစ်ပွားမှုနှုန်း ၁၁ ရာခိုင်နှုန်းနဲ့ C ပိုးရောဂါ ဖြစ်ပွားမှုနှုန်းက ၈ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီသတင်းကို MCN မုံရွာ သတင်းထောက် ထွန်းလင်းဦး ကပေးပို့ထားပြီး မောင်သန့် ကတင်ဆက်ပေးထားပါတယ်။

အသဲရောင်အသားဝါ B ပိုးရောဂါနဲ့ C ပိုးရောဂါ စစ်ဆေးမှုတွေ အပါအဝင် B ပိုး ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံဆရာဝန်အသင်း အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းပညာအဖွဲ့က မုံရွာမြို့ခံတွေကို အခမဲ့ ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၃ရက်နေ့က မုံရွာမြို့တော်ခန်းမမှာ အသဲရောဂါအကြောင်း အသိပညာပေးတဲ့ အခမ်းအနားနဲ့ B ပိုး၊ C ပိုးရောဂါကာကွယ်ဆေး အခမဲ့ ထိုးပေးတဲ့ အခမ်းအနး ပြုလုပ်ခဲ့တာပါ။

Sound Bite း (32)- ပါမောက္ခ ဦးကျော်စိုးထွန်း(မြန်မာနိုင်ငံဆရာဝန်အသင်း
အစာအိမ်အူလမ်းကြောင်းနှင့် အသည်းပညာအဖွဲ့ ဥက္ကဌ ၊ အသဲရောဂါအထူးကုဆရာဝန်ကြီး )

မြန်မာနိုင်ငံမှာ အသဲရောဂါနဲ့အသဲကင်ဆာအဖြစ်အများဆုံးကတော့ အရက်သောက်သုံးမှုကြောင့်ဖြစ်ပြီး အသဲရောဂါဟာ ဖြစ်ပွားစမှာ ရောဂါလက္ခဏာမပြပဲ တဖြည်းဖြည်းအချိန်ကြာမြင့်လာချိန်မှာ ရောဂါလက္ခဏာ ပြသတာလည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ အသဲရောဂါ B ပိုးမှာ ရောဂါမဖြစ်ပွားခင် ကြိုတင်ကာနိုင်တဲ့ကာကွယ်ဆေးရှိပြီး C ပိုးမှာ အခုချိန်ထိ
ကာကွယ်ဆေးမရှိသေးတာဖြစ်ပါတယ်။ B ပိုးနဲ့ C ပိုးဟာ ရောဂါရှိသူနဲ့ စပ်ယှက်နိုင်စေမယ့် မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကိုသုံးစွဲမိတာ၊ တက်တူးထိုးတာ၊ ရောဂါရှိသူနဲ့အတူ လိင်ဆက်ဆံတာတွေကြောင့် အပြင် မိခင်က တဆင့်လည်း ရင်သွေးငယ်ကို ကူးဆက်နိုင်တာဖြစ်ပါတယ်။

Sound Bite း (25) – ဒေါက်တာ ဒေါ်ပြည့်ထွန်းအောင်ရှင်း (မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနှင့် အသဲဖောင်တေးရှင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီအဖွဲ့ဝင် )

အသဲရောင်အသားဝါ B ပိုးနဲ့ C ပိုးကူးစက်ခံရတဲ့ လူနာဟာ ရောဂါဖြစ်ပွားစဉ်မှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျကုသဖို့လိုအပ်ပြီး စနစ်တကျကုသမကုသနိုင်ပါက လူနာဟာ အသဲကင်ဆာဘက်ကို ကူးပြောင်း သွားနိုင်တဲ့ အလားလာတွေရှိတယ်လို့ ပြောပါတယ် ခင်ဗျာ။

?bph6