၂၁ ရာစုပင်လုံ ညီလာခံမှာ အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ဆွေးနွေးချက်တွေ တင်ပြဖို့ရှိနေ

0
101




Sound Bite – ဦးစိုးနိုင်ထွန်း(ပြောရေးဆိုခွင့်ရှိသူ)
ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ

အဲဒီဖိုရမ်ကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ EAOs အဖွဲ့အစည်းကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေး နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေရော၊ လူထုရော စိတ်ဝင်စားမှုတွေ ပိုမိုမြင့်မားလာနေတာကိုတွေ့ရပြီး အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုမှာလည်း ယခင်ကထက် ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဦးစိုးနိုင်ထွန်းကပြောပါတယ်။

Sound Bite – ဦးစိုးနိုင်ထွန်း(ပြောရေးဆိုခွင့်ရှိသူ)
ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနဲ့ပတ်သက်ပြီး တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် ရခိုင်ပြည်နယ်မှာတော့ ကျင်းပခွင့်ပိတ်ပင်ခံထားရတာပဲ ဖြစ်ပါတယ် ခင်ဗျာ။

၂၁ ရာစုပင်လုံ ညီလာခံမှာ အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ရဲ့ ဆွေးနွေးချက်တွေကို အကြောင်းအရာလိုက် တင်ပြသွားဖို့ရှိနေပါတယ်။ ဒီသတင်းကိုMCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

တတိယအကြိမ် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို)ရခိုင်ပြည်နယ် အရပ်အဖက်အဖွဲ့ အစည်းများဖိုရမ်ကို စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ ဒီကနေ့ ကျင်းပပြုလုပ်နေတာပါ။

အဲဒီဖိုရမ်က ရရှိလာတဲ့ဆွေးနွေးချက်တွေကို အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ တခြားတိုင်းနှင့်ပြည်နယ်တွေက တင်သွင်းလာတဲ့စာတမ်းတွေနဲ့ စုစည်းပြီးတော့ လာမယ့် ၂၁ ရာစုပင်လုံ ညီလာခံကိုတင်ပြသွားမှာဖြစ်ပါတယ်။