ျမန္မာ့ရုပ္ရွင္ေလာကမွာ က်ား၊မေရးရာ ခြဲျခားမႈေတြကို ျပင္ဆင္သင့္တယ္လို႔ေျပာ

0
441

ျမန္မာ့ရုပ္ရွင္ေလာကမွာ က်ား၊မေရးရာ ခြဲျခားမႈေတြကို ျပင္ဆင္သင့္တယ္လို႔ ဆင္ဆာဘုတ္အဖြဲ႔၀င္ ေဒၚေဆြဇင္ထိုက္က သတိေပးေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ေသာ္တာတုိး ကေပးပုိ႔ထားပါတယ္။

ျမန္မာ့ ရုပ္ရွင္ ေလာကမွာ ရိုက္ကူးတင္ဆက္တဲ့ ရုပ္ရွင္ ဇာတ္ကားတစ္ခ်ိဳ႕ နဲ႔ ဗီဒီယိုဇာတ္လမ္းေတြမွာ က်ား၊မ ေရးရာခြဲျခားမႈေတြ ၊ လိင္ပိုင္းဆိုင္ရာ ခံယူမႈ ကြဲျပားတဲ့ သူေတြကို နိမ့္ခ်မႈေတြ၊ ျပက္ရယ္ျပဳတာေတြ ကို ျပင္ဆင္သင့္ေနၿပီလို႔ ဆင္ဆာဘုတ္အဖြဲ႔၀င္ ေဒၚေဆြဇင္ထိုက္ ကသတိေပး ေျပာဆိုလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕ အႏုပညာရပ္၀န္းမွာ ဒီဇင္ဘာလ ၁၆ ရက္ေန႔ က ျပဳလုပ္တဲ့ ျမန္မာ့ ရုပ္ရွင္ေလာက ရဲ႕ က်ား၊မ ဆိုင္ရာ အသိအျမင္ႏိုးၾကားမႈ ေဆြးေႏြးပြဲမွာ ေဒၚေဆြဇင္ထိုက္ ေျပာဆိုခဲ့တာပါ။

Soundbite – ေဒၚဂေရ့စ္ေဆြဇင္ထိုက္ (ဆင္ဆာဘုတ္အဖြဲ႕၀င္)

ဒါ့အျပင္ က်ား/မေရးရာ အသိအျမင္ေတြကို ရုပ္ရွင္ အတတ္ပညာကေနတဆင့္ ျမွင့္တင္တဲ့ေနရာမွာ ဆင္ဆာဘုတ္အဖြဲ႔က အေလးထားတဲ့ ယဥ္ေက်းမႈဆိုတဲ့ အရာက အခုအခ်ိန္မွာေမးခြန္း ထုတ္စရာျဖစ္ေနတယ္လို႔ Emlightened Myanmar Research Foundationက အမႈေဆာင္အရာရွိခ်ဳပ္ ေဒၚျမတ္သက္သစၥာက ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။

Soundbite – ေဒၚျမတ္သက္သစၥာ( အမႈေဆာင္အရာရွိခ်ဳပ္ EMReF

ဆင္ဆာလြတ္လပ္ခြင့္ရရွိၿပီးေနာက္ပိုင္း ျမန္မာ့ရုပ္ရွင္တစ္ခ်ိဳ႕မွာ လိင္အသားေပး ညစ္ညမ္ပ်က္လံုးေတြ ၊ကင္မရာ ရိုက္ခ်က္ေတြသာ ေတြ႔ျမင္လာရၿပီး အရည္အေသြးျပည့္၀တဲ့ ရုပ္ရွင္အတတ္ပညာ၊အႏုပညာပိုင္း ဖန္တီး ထုတ္လုပ္နိုင္မႈေတြမွာေတာ့ ေလ်ာ့က်လာတယ္လို႔ ေ၀ဖန္ေနၾကတာျဖစ္ပါတယ္ခင္ဗ်ား။

မြန်မာ့ရုပ်ရှင်လောကမှာ ကျား၊မရေးရာ ခွဲခြားမှုတွေကို ပြင်ဆင်သင့်တယ်လို့ ဆင်ဆာဘုတ်အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က သတိပေးပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သော်တာတိုး ကပေးပို့ထားပါတယ်။

မြန်မာ့ ရုပ်ရှင် လောကမှာ ရိုက်ကူးတင်ဆက်တဲ့ ရုပ်ရှင် ဇာတ်ကားတစ်ချို့ နဲ့ ဗီဒီယိုဇာတ်လမ်းတွေမှာ ကျား၊မ ရေးရာခွဲခြားမှုတွေ ၊ လိင်ပိုင်းဆိုင်ရာ ခံယူမှု ကွဲပြားတဲ့ သူတွေကို နိမ့်ချမှုတွေ၊ ပြက်ရယ်ပြုတာတွေ ကို ပြင်ဆင်သင့်နေပြီလို့ ဆင်ဆာဘုတ်အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက် ကသတိပေး ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ အနုပညာရပ်ဝန်းမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ က ပြုလုပ်တဲ့ မြန်မာ့ ရုပ်ရှင်လောက ရဲ့ ကျား၊မ ဆိုင်ရာ အသိအမြင်နိုးကြားမှု ဆွေးနွေးပွဲမှာ ဒေါ်ဆွေဇင်ထိုက် ပြောဆိုခဲ့တာပါ။

Soundbite – ဒေါ်ဂရေ့စ်ဆွေဇင်ထိုက် (ဆင်ဆာဘုတ်အဖွဲ့ဝင်)

ဒါ့အပြင် ကျား/မရေးရာ အသိအမြင်တွေကို ရုပ်ရှင် အတတ်ပညာကနေတဆင့် မြှင့်တင်တဲ့နေရာမှာ ဆင်ဆာဘုတ်အဖွဲ့က အလေးထားတဲ့ ယဉ်ကျေးမှုဆိုတဲ့ အရာက အခုအချိန်မှာမေးခွန်း ထုတ်စရာဖြစ်နေတယ်လို့ Emlightened Myanmar Research Foundationက အမှုဆောင်အရာရှိချုပ် ဒေါ်မြတ်သက်သစ္စာက ဝေဖန်ပြောဆိုလိုက်ပါတယ်။

Soundbite – ဒေါ်မြတ်သက်သစ္စာ( အမှုဆောင်အရာရှိချုပ် EMReF

ဆင်ဆာလွတ်လပ်ခွင့်ရရှိပြီးနောက်ပိုင်း မြန်မာ့ရုပ်ရှင်တစ်ချို့မှာ လိင်အသားပေး ညစ်ညမ်ပျက်လုံးတွေ ၊ကင်မရာ ရိုက်ချက်တွေသာ တွေ့မြင်လာရပြီး အရည်အသွေးပြည့်ဝတဲ့ ရုပ်ရှင်အတတ်ပညာ၊အနုပညာပိုင်း ဖန်တီး ထုတ်လုပ်နိုင်မှုတွေမှာတော့ လျော့ကျလာတယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်ခင်ဗျား။