လူငယ္ျပဳစုပ်ဳိးေထာင္ေရး စခန္းေတြကုိ လူကယ္ျပန္ ဝန္ႀကီးဌာနက လႊဲေျပာင္းယူမယ္

0
343

နုိင္ငံေတာ္ အႀကီးအကဲေတြရဲ႕ လမ္းညႊန္ခ်က္ေတြအရ ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္ရွိ လူငယ္ျပဳစုပ်ဳိးေထာင္ေရး စခန္းေတြကုိ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက လႊဲေျပာင္း တာဝန္ယူသြားမယ္လို႔ ျပန္လည္ထူေထာင္ေရး ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးဝင္းႏိုင္ထြန္းက ေျပာပါတယ္။

မေန႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔က ေနျပည္ေတာ္ရွိ Hotel Max မွာ ျပဳလုပ္တဲ့ မူးယစ္ေဆးဝါး အႏၱရာယ္ ကာကြယ္ ေလွ်ာ့ခ်ေရးဆုိင္ရာ လူထုေတြ႔ဆုံ ေဆြးေႏြးပြဲမွာ အခုလုိေျပာၾကားခဲ့တာပါ။

ျပန္လည္ထူေထာင္ေရး ဦးစီးဌာနဟာ ဘဝရပ္တည္ဖို႔ ခက္ခဲေနတဲ့ ကေလးငယ္ေတြ၊ အမ်ဳိးသမီးေတြ၊ သက္ႀကီးရြယ္အုိေတြ၊ မသန္စြမ္းသူေတြ၊ စစ္ေဘးေရွာင္းစခန္းအတြင္း ေနထုိင္သူေတြ၊ ျပည္တြင္းျပည္ပ ေရႊ႕ေျပာင္းသြားလာသူ အလုပ္သမားေတြ၊ လူကုန္ကူးခံရတဲ့ သူေတြအတြက္ ျပန္လည္ထူေထာင္ေရးေတြ၊ ကေလးစစ္သား ျပန္လည္ထူေထာင္ေရးေတြနဲ႔ မူးယစ္ေဆးဝါး သုံးစြဲသူေတြ မူးယစ္သံသရာက လြတ္ေျမာက္ေရးစတဲ့ လုပ္ငန္းစဥ္ေတြ ခ်မွတ္ၿပီး လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

လူငယ်ပြုစုပျိုးထောင်ရေး စခန်းတွေကို လူကယ်ပြန် ဝန်ကြီးဌာနက လွှဲပြောင်းယူမယ်

နိုင်ငံတော် အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေအရ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ လူငယ်ပြုစုပျိုးထောင်ရေး စခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လွှဲပြောင်း တာဝန်ယူသွားမယ်လို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။

မနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်ရှိ Hotel Max မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ် လျှော့ချရေးဆိုင်ရာ လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

ပြန်လည်ထူထောင်ရေး ဦးစီးဌာနဟာ ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ စစ်ဘေးရှောင်းစခန်းအတွင်း နေထိုင်သူတွေ၊ ပြည်တွင်းပြည်ပ ရွှေ့ပြောင်းသွားလာသူ အလုပ်သမားတွေ၊ လူကုန်ကူးခံရတဲ့ သူတွေအတွက် ပြန်လည်ထူထောင်ရေးတွေ၊ ကလေးစစ်သား ပြန်လည်ထူထောင်ရေးတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ မူးယစ်သံသရာက လွတ်မြောက်ရေးစတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။