ဘဂၤါလီ မြတ္စလင္အေရး ဆက္လက္ ဖိအားေပးဖို႔ ကုလ လံုၿခံဳေရးေကာင္စီ စဥ္းစားေန

0
660

ၿဗိတိန္က တင္သြင္းတဲ့ ဆံုးျဖတ္ခ်က္ မူၾကမ္းကို တ႐ုတ္နဲ႔ ႐ုရွားက ကန္႔ကြက္ခဲ့ေပမယ့္ ဘဂၤါလီ မြတ္စလင္အေရးမွာ ျမန္မာႏိုင္ငံက ကုလသမဂၢနဲ႔ လက္တြဲလုပ္ေဆာင္ေရး ဖိအားေပးဖို႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက စဥ္းစားေနတယ္လို႔ သံတမန္ေတြက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းရွိ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ အခ်ိန္ကာလအလိုက္ လက္ခံေရးနဲ႔ ႏွိပ္ကြပ္မႈေတြမွာ တာဝန္ခံမႈ ရွိေစေရးအတြက္ မူၾကမ္းမွာ ေဖာ္ျပထားတယ္လို႔ အမည္မေဖာ္လိုတဲ့ သံတမန္တစ္ဦးက ေျပာပါတယ္။

ၿဗိတိန္က တင္သြင္းတဲ့အဲဒီ မူၾကမ္းမွာ ျမန္မာႏိုင္ငံအေနနဲ႔ တိုးတက္မႈ မရွိရင္ ပိတ္ဆို႔အေရးယူမႈ အပါအဝင္ ေနာက္ထပ္ ဖိအားေတြ ေပးဖို႔ လံုၿခံဳေရးေကာင္စီ အဖြဲ႔ဝင္ ၁၅ ႏိုင္ငံကို သတိေပးထားပါတယ္။ မူၾကမ္းကို ဘယ္အခ်ိန္ မဲခြဲမယ္ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ မူၾကမ္းကို အတည္ျပဳဖို႔အတြက္ ေထာက္ခံမဲ ကိုးမဲနဲ႔ ႐ုရွား၊ တ႐ုတ္၊ အေမရိကန္၊ ၿဗိတိန္နဲ႔ ျပင္သစ္တို႔ဆီက ကန္႔ကြက္မဲ မရွိမွ ရမွာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဘင်္ဂါလီ မွတ်စလင်အရေး ဆက်လက် ဖိအားပေးဖို့ ကုလ လုံခြုံရေးကောင်စီ စဉ်းစားနေ

ဗြိတိန်က တင်သွင်းတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို တရုတ်နဲ့ ရုရှားက ကန့်ကွက်ခဲ့ပေမယ့် ဘင်္ဂါလီ မွတ်စလင်အရေးမှာ မြန်မာနိုင်ငံက ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်ရေး ဖိအားပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စဉ်းစားနေတယ်လို့ သံတမန်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အချိန်ကာလအလိုက် လက်ခံရေးနဲ့ နှိပ်ကွပ်မှုတွေမှာ တာဝန်ခံမှု ရှိစေရေးအတွက် မူကြမ်းမှာ ဖော်ပြထားတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တစ်ဦးက ပြောပါတယ်။

ဗြိတိန်က တင်သွင်းတဲ့အဲဒီ မူကြမ်းမှာ မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှု မရှိရင် ပိတ်ဆို့အရေးယူမှု အပါအဝင် နောက်ထပ် ဖိအားတွေ ပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကို သတိပေးထားပါတယ်။ မူကြမ်းကို ဘယ်အချိန် မဲခွဲမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မူကြမ်းကို အတည်ပြုဖို့အတွက် ထောက်ခံမဲ ကိုးမဲနဲ့ ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ဆီက ကန့်ကွက်မဲ မရှိမှ ရမှာ ဖြစ်ပါတယ်။