မူးယစ္ေဆးဝါးလိုပဲ မူပိုင္ခြင့္ခ်ိဳးေဖာက္တဲ့ကိစၥ အႀကီးႀကီးေတြ လြတ္ေနတယ္လို႔ ျမင့္မိုးေအာင္ ေျပာ

0
552

ျမန္မာႏိုင္ငံမွာ မူးယစ္ေဆးဝါးဆို ေသးေသးေလးေတြပဲ မိသလို မူပိုင္ခြင့္ခ်ိဳးေဖာက္တဲ့ ကိစၥေတြမွာ အဓိက စီးပြားေရးႀကီး လုပ္ကိုင္ေနသူေတြ လြတ္ေနတယ္လို႔ ျမန္မာႏိုင္ငံ ေတးသီခ်င္းမူပိုင္ရွင္မ်ားအသင္း ဒုတိယ ဥကၠ႒ ေတးေရးဆရာ ျမင့္မိုးေအာင္က ေျပာပါတယ္။

တစ္ႏိုင္ငံလံုးမွာ စီးပြားျဖစ္ ေဖ်္ာေျဖေနတဲ့ ဂီတပြဲေတြနဲ႔ ေကတီဗီ စင္တင္လုိ ေနရာေတြဟာ မူပိုင္ခြင့္ အမ်ားဆံုး ခ်ိဳးေဖာက္ေနတယ္လို႔ ဒီဇင္ဘာလ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Park Royal ဟိုတယ္မွာ ျပဳလုပ္တဲ့ ဥပေဒၾကမ္းမ်ားဆိုင္ရာ ေဆြးေႏြးပြဲမွာ ေတးေရးဆရာ ျမင့္မိုးေအာင္က ေျပာၾကားခဲ့တာပါ။

ႏိုင္ငံတကာမွာ မူပိုင္ခြင့္ ခ်ိဳးေဖာက္ခံရလို႔ နစ္နာေၾကးအျဖစ္ အႏုပညာရွင္ေတြဟာ ေဒၚလာသန္းခ်ီ ရရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာ မူလလက္ရာ အႏုပညာသမားေတြဟာ မူပိုင္ခြင့္ အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္ခံေနရေပမယ့္ နစ္နာေၾကး တစ္စံုတစ္ရာ မရရွိဘူးလို႔လည္း သူကေျပာပါတယ္။

စာေပနဲ႔ အႏုပညာမူပိုင္ခြင့္ ဥပေဒၾကမ္းဟာ မၾကာခင္မွာ ထြက္လာဖို႔ ရွိေနေပမယ့္ ဒီဥပေဒမွာလည္း အားနည္းခ်က္မ်ားစြာ ရွိေနတယ္လို႕ သက္ဆိုင္ရာ အဖြဲ႔အစည္းအသီးသီးက ပညာရွင္ေတြက ေ၀ဖန္မႈေတြရွိေနပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မူးယစ်ဆေးဝါးလိုပဲ မူပိုင်ခွင့်ချိုးဖောက်တဲ့ကိစ္စ အကြီးကြီးတွေ လွတ်နေတယ်လို့ မြင့်မိုးအောင် ပြော

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးဆို သေးသေးလေးတွေပဲ မိသလို မူပိုင်ခွင့်ချိုးဖောက်တဲ့ ကိစ္စတွေမှာ အဓိက စီးပွားရေးကြီး လုပ်ကိုင်နေသူတွေ လွတ်နေတယ်လို့ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ တေးရေးဆရာ မြင့်မိုးအောင်က ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ စီးပွားဖြစ် ဖျော်ဖြေနေတဲ့ ဂီတပွဲတွေနဲ့ ကေတီဗီ စင်တင်လို နေရာတွေဟာ မူပိုင်ခွင့် အများဆုံး ချိုးဖောက်နေတယ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ ဥပဒေကြမ်းများဆိုင်ရာ ဆွေးနွေးပွဲမှာ တေးရေးဆရာ မြင့်မိုးအောင်က ပြောကြားခဲ့တာပါ။

နိုင်ငံတကာမှာ မူပိုင်ခွင့် ချိုးဖောက်ခံရလို့ နစ်နာကြေးအဖြစ် အနုပညာရှင်တွေဟာ ဒေါ်လာသန်းချီ ရရှိနေပေမယ့် မြန်မာနိုင်ငံမှာ မူလလက်ရာ အနုပညာသမားတွေဟာ မူပိုင်ခွင့် အကြိမ်ကြိမ် ချိုးဖောက်ခံနေရပေမယ့် နစ်နာကြေး တစ်စုံတစ်ရာ မရရှိဘူးလို့လည်း သူကပြောပါတယ်။

စာပေနဲ့ အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းဟာ မကြာခင်မှာ ထွက်လာဖို့ ရှိနေပေမယ့် ဒီဥပဒေမှာလည်း အားနည်းချက်များစွာ ရှိနေတယ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပညာရှင်တွေက ဝေဖန်မှုတွေရှိနေပါတယ်။