ခိုးကူးေခြ ဖမ္းျပေနေနေပမယ့္ KTV နဲ႔ စင္တင္လို အဓိကေနရာႀကီးေတြ လြတ္ေန

0
661

ခိုးကူးေခြေတြလုိက္ဖမ္းျပေနေပမယ့္ ေကတီဗီနဲ႔စင္တင္လို အဓိကေနရာႀကီးေတြ လြတ္ေနတယ္လို႔ ေတးေရးဆရာျမင့္မိုးေအာင္က ေျပာၾကားလိုက္ပါတယ္။ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္ ကေပးပို႔ထားပါတယ္။

တစ္ႏိုင္ငံလံုးမွာ စီးပြားျဖစ္ေဖ်္ာေျဖေနတဲ့ ဂီတပြဲေတြ ရွိေနေပမယ့္ မူပိုင္ခြင့္ျပသနာေတြေၾကာင့္ မူလလက္ရာေတးေရးဆရာေတြ နဲ႔ ဂီတပညာရွင္ေတြဟာ ခုခ်ိန္ထိ အဘက္ဘက္က နစ္နာေနရတယ္လို႔ ဒီဇင္ဘာလ ၁၅ရက္ေန႔က Park Royalဟိုတယ္မွာ ျပဳလုပ္တဲ့ ဥပေဒၾကမ္းမ်ားေဆြးေႏြးပြဲမွာေတးေရးဆရာ ျမင့္မိုးေအာင္က ေျပာၾကားလိုက္တာပါ။

တာ၀န္ရွိသူေတြဟာ အဓိကမူပိုင္ခြင့္ ခ်ိဳးေဖာက္ေနတဲ့ ေကတီဗီနဲ႔ စင္တင္လို ေနရာမ်ိဳးေတြကိုလည္း လႊတ္ေပးထားတယ္လို႔ ဆရာျမင့္မိုးေအာင္ ကေျပာပါတယ္။

Soundbites-ေတးေရးျမင့္မိုးေအာင္ (ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံေတးသီခ်င္းမူပိုင္ရွင္မ်ားအသင္း

ႏိုင္ငံတကာ က အႏုပညာရွင္ေတြဟာ မူပိုင္ခြင့္ ခ်ိဳးေဖာက္မႈေတြမွာ ေဒၚလာသန္းနဲ႔ ခ်ီၿပီး ခံစားခြင့္ရရွိေနေပမယ့္ ျမန္မာႏိုင္ငံက ေတးေရးဆရာေတြကေတာ့ မူပိုင္ခြင့္ နဲ႔ ပက္သက္ၿပီး အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္ခံေနရေပမယ့္ နစ္နာေၾကး တစ္စံုတစ္ရာ မရရွိေသးဘူးလို႔ ဆရာျမင့္မိုးေအာင္ ကေျပာပါတယ္။

Soundbites-ျမင့္မိုးေအာင္

စာေပနဲ႔ အႏုပညာမူပိုင္ခြင့္ ဥပေဒၾကမ္းဟာ မၾကာခင္မွာ ထြက္လာဖို႔ရွိေနၿပီး လက္ရွိမွာ မူပိုင္ခြင့္ခ်ိဳးေဖာက္တဲ့ အဖြဲ႔အစည္းေတြကို ကာကြယ္မႈေပးထား သလို ျဖစ္ေနတယ္လို႔ ေတးေရးဆရာ ျမင့္မ္ုးေအာင္က ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခိုးကူးခွေတွေလိုက်ဖမ်းပြနေပေမယ့် ကေတီဗီနဲ့စင်တင်လို အဓိကနေရာကြီးတွေ လွတ်နေတယ်လို့ တေးရေးဆရာမြင့်မိုးအောင်က ပြောကြားလိုက်ပါတယ်။ဒီသတင်းကို MCN သတင်းထောက် မောင်ထက် ကပေးပို့ထားပါတယ်။

တစ်နိုင်ငံလုံးမှာ စီးပွားဖြစ်ဖျော်ဖြေနေတဲ့ ဂီတပွဲတွေ ရှိနေပေမယ့် မူပိုင်ခွင့်ပြသနာတွေကြောင့် မူလလက်ရာတေးရေးဆရာတွေ နဲ့ ဂီတပညာရှင်တွေဟာ ခုချိန်ထိ အဘက်ဘက်က နစ်နာနေရတယ်လို့ ဒီဇင်ဘာလ ၁၅ရက်နေ့က Park Royalဟိုတယ်မှာ ပြုလုပ်တဲ့ ဥပဒေကြမ်းများဆွေးနွေးပွဲမှာတေးရေးဆရာ မြင့်မိုးအောင်က ပြောကြားလိုက်တာပါ။

တာဝန်ရှိသူတွေဟာ အဓိကမူပိုင်ခွင့် ချိုးဖောက်နေတဲ့ ကေတီဗီနဲ့ စင်တင်လို နေရာမျိုးတွေကိုလည်း လွှတ်ပေးထားတယ်လို့ ဆရာမြင့်မိုးအောင် ကပြောပါတယ်။

Soundbites-တေးရေးမြင့်မိုးအောင် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း

နိုင်ငံတကာ က အနုပညာရှင်တွေဟာ မူပိုင်ခွင့် ချိုးဖောက်မှုတွေမှာ ဒေါ်လာသန်းနဲ့ ချီပြီး ခံစားခွင့်ရရှိနေပေမယ့် မြန်မာနိုင်ငံက တေးရေးဆရာတွေကတော့ မူပိုင်ခွင့် နဲ့ ပက်သက်ပြီး အကြိမ်ကြိမ် ချိုးဖောက်ခံနေရပေမယ့် နစ်နာကြေး တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ဆရာမြင့်မိုးအောင် ကပြောပါတယ်။

Soundbites-မြင့်မိုးအောင်

စာပေနဲ့ အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းဟာ မကြာခင်မှာ ထွက်လာဖို့ရှိနေပြီး လက်ရှိမှာ မူပိုင်ခွင့်ချိုးဖောက်တဲ့ အဖွဲ့အစည်းတွေကို ကာကွယ်မှုပေးထား သလို ဖြစ်နေတယ်လို့ တေးရေးဆရာ မြင့်မ်ုးအောင်က ပြောကြားခဲ့ပါတယ်။