
0
714




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ပဉ္စမအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ စတင်ကျင်းပ

ပဉ္စမအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို မနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ Lotte Hotel မှာ ကျင်းပပြီး တိယ သမ္မတ ဦးမြင့်ဆွေနဲ့ အိန္ဒိယ သမ္မတ မစ္စတာ ရမ် နတ်သ် ကိုဗင့်တို့ တက်ရောက် အားပေးပါတယ်။

ပဉ္စမအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ အိန္ဒိယနိုင်ငံ စက်မှုလုပ် ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယ-မြန်မာ ကုန်သည်/ စက်မှုအသင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့က ပူးတွဲ ကျင်းပတာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အိန္ဒိယနိုင်ငံက ကမ္ဘာတစ်ဝန်း နာမည်ကျော်ပြီး ထုတ်လုပ် ရေးကဏ္ဍမှာ အဓိက လုပ်ငန်းတွေကစပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများထိ ကုမ္ပဏီပေါင်း ၅၀ ကျော် ပါဝင်ပြသကြပါတယ်။