တရားစီရင္ေရးစနစ္အေပၚ အမ်ားျပည္သူ ယုံၾကည္ကိုးစားမႈရွိဖို႔ ေဆာင္႐ြက္ရမွာျဖစ္ေၾကာင္း ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေျပာၾကား

0
390

ဥပေဒအရာရွိ အဆင့္-၄ (အစမ္းခန္႔မ်ား) လုပ္ငန္းဝင္သင္တန္း အမွတ္စဥ္(၁/၂၀၁၈) သင္တန္းဆင္းပြဲ အခမ္းအနားကို ဒီဇင္ဘာလ ၅ ရက္ေန႔က ျပည္ေထာင္စုေရွ႕ေန ခ်ဳပ္႐ုံး အစည္းအေဝးခန္းမွာက်င္းပျပဳလုပ္ရာ က်င္းပျပဳလုပ္ရာ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦး ကအခုလုိ တုိက္တြန္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

လုပ္ငန္းမ်ားေဆာင္႐ြက္ရာမွာ ႐ိုးသားမႈကို အေျခခံၿပီး ဘက္လိုက္မႈကင္းစြာနဲ႔ ဥပေဒအရာမွာ အာလုံးတန္း တူညီမၽွ အခြင့္အေရးရရွိ ေစရန္အတြက္ ေဆာင္႐ြက္ၾကရမွာျဖစ္ေၾကာင္း ၊အရည္အေသြး ျမင့္မားၿပီး တာဝန္ယူမႈ၊ တာဝန္ခံမႈရွိတဲ့ အရာရွိေတြ အျဖစ္ ရပ္တည္ႏိုင္ဖိုိ႕ ႀကိဳးပမ္းရမွာျဖစ္ေၾကာင္း တရားစြဲတာနဲ႔ အမႈလိုက္ဆိုင္ရာ လုပ္ငန္းေတြမွာ မၽွတတဲ့ တရားစီရင္ေရးဆိုင္ရာ စံႏႈန္းေတြ ကို လိုက္နာက်င့္သုံးၿပီး တရားမၽွတမႈကို ဓမၼဓိ႒ာန္က်က် ေဖာ္ေဆာင္ရမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ တရားစီရင္ေရးစနစ္အေပၚ အမ်ားျပည္သူ ယုံၾကည္ကိုးစားမႈရွိရန္ ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ အရည္အခ်င္းရွိတဲ့ ဥပေဒအရာရွိမ်ားျဖစ္ဖို႔ စဥ္ဆက္မျပတ္ ေလ့လာ ဆည္းပူးရမွာျဖစ္ေၾကာင္း မိမိတို႔တတ္ကၽြမ္း တဲ့ ဥပေဒပညာနဲ႔ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ေပးႏိုင္တဲ့ ဥပေဒအရာရွိေကာင္းေတြ ျဖစ္ေစဖို႔ ႀကိဳးပမ္းၾကရမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

တရားစီရင်ရေးစနစ်အပေါ် အများပြည်သူ ယုံကြည်ကိုးစားမှုရှိဖို့ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်များ) လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့က ပြည်ထောင်စုရှေ့နေ ချုပ်ရုံး အစည်းအဝေးခန်းမှာကျင်းပပြုလုပ်ရာ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကအခုလို တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းများဆောင်ရွက်ရာမှာ ရိုးသားမှုကို အခြေခံပြီး ဘက်လိုက်မှုကင်းစွာနဲ့ ဥပဒေအရာမှာ အာလုံးတန်း တူညီမျှ အခွင့်အရေးရရှိ စေရန်အတွက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ၊အရည်အသွေး မြင့်မားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အရာရှိတွေ အဖြစ် ရပ်တည်နိုင်ဖိို့ ကြိုးပမ်းရမှာဖြစ်ကြောင်း တရားစွဲတာနဲ့ အမှုလိုက်ဆိုင်ရာ လုပ်ငန်းတွေမှာ မျှတတဲ့ တရားစီရင်ရေးဆိုင်ရာ စံနှုန်းတွေ ကို လိုက်နာကျင့်သုံးပြီး တရားမျှတမှုကို ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ဆောင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရားစီရင်ရေးစနစ်အပေါ် အများပြည်သူ ယုံကြည်ကိုးစားမှုရှိရန် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အရည်အချင်းရှိတဲ့ ဥပဒေအရာရှိများဖြစ်ဖို့ စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးရမှာဖြစ်ကြောင်း မိမိတို့တတ်ကျွမ်း တဲ့ ဥပဒေပညာနဲ့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနိုင်တဲ့ ဥပဒေအရာရှိကောင်းတွေ ဖြစ်စေဖို့ ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

?bph6