GSP ကိုရုပ်သိမ်းမယ်ဆိုရင် အထည်ချုပ်နဲ့ အထည်လိပ်လုပ်သားတစ်သန်းကျော်ထိခိုက်လာမှာဖြစ်တယ်

0
349









အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,ဝ၀ဝ ကျော် ဖန်တီးပေးနိုင်မယ့်  လုပ်ငန်း (၆) ခု MIC ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့   (၂၀) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမမှာကျင်းပခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးမှာ  ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၂၂၆) ဦး ဖန်တီးပေးနိုင်မယ့်  လုပ်ငန်း (၆) ခု ကိုခွင့်ပြုထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့   တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

အဲဒီလုပ်ငန်းတွေမှာ  ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ Network Facilitiesဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်/ အိပ်ချုပ်လုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းအီးယူက GSPကိုပြန်လည်ရုပ်သိမ်းမယ်ဆိုရင် အထည်ချုပ်နဲ့အထည်လိပ်လုပ်ငန်း ကဏ္ဍနှစ်ခုကိုမှီခိုနေတဲ့ လုပ်သားတစ်သန်းကျော်ထိခိုက်လာမှာဖြစ်တယ်လို့ အထည်လိပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးက ပေးပို့ထားပါတယ်။

ဥရောပသမဂ္ဂ EU အနေနဲ့ မြန်မာနိုင်ငံကိုပေးထားတဲ့ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကိုရုပ်သိမ်း သင့်၊မသင့် ကိုယ်စားလှယ်အဖွဲ့ကလာရောက်စစ်ဆေးနေချိန်ပဲဖြစ်ပါတယ်။

ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့အထည်ချုပ်လုပ်ငန်းပေါင်း ခြောက်ဆယ်ရာခိုင်နှုန်းကျော်က ဥရောပ မား ကတ်ကို အဓိကထား ပို့ဆောင်ပေးနေတာပါ။အဲဒါကြောင့် အီးယူအနေနဲ့ GSP ပြန်လည်ရုပ်သိမ်းသွား မယ်ဆိုပါက အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေလည်း ထိခိုက်လာမှာဖြစ်သလို နိုင်ငံရဲ့ စီးပွားရေးလည်း ထိခိုက်လာမှာဖြစ်ပါတယ်။

Sound bite;ဒေါ်ယဉ်ယဉ်မိုး ( အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်း

GSP ကိုရုပ်သိမ်း သင့်၊မသင့် EU ကစေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက် စစ်ဆေး နေချိန်ဖြစ်တာကြောင့် အစိုးရအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ပေးဖို့လို အပ်နေတာပါ။

လက်ရှိမှာ ကုန်သွယ်မှုအထူးအခွင့်အရေးနဲ့ပတ်သက်ပြီး EU ဘက်ကတစ်စုံ တစ်ရာ ဆုံးဖြတ်ထားခြင်း မရှိသေးပေမယ့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတာဖြစ်ပါတယ်။

Sound bite ;ဒေါ်ယဉ်ယဉ်မိုး ( အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်း

ကုန်သွယ်ရေး အထူးအခွင့်အရေးအဖြစ် အခွန်ကင်းလွတ်ခွင့်ရရှိထားတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ဈေးကွက်တွေပါ ကျယ်ပြန့်လာခဲ့ပြီးလက်ရှိမှာ မြန်မာနိုင်ငံက EU Market ဖြစ်တဲ့ နိုင်ငံပေါင်း ၇ နိုင်ငံကို တင်ပို့ နေခဲ့တာလည်းဖြစ်ပါတယ်။ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ်ပေး ထားတဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေး GSP ကြောင့် ပို့ကုန် တန်ဖိုးမှာ ၂၀၁၃ ခုနှစ်က စတင်ပြီး ပို့ကုန် ၄၇ ရာခိုင်နှုန်းထိ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။နဲ့ စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းတွေ ပါဝင်ပြီး အစည်းအဝေးကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ဦးသောင်းထွန်း နဲ့ အဖွဲ့ဝင် (၁၂) ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

?bph6