
0
501




 

<>>>>>>>>>>>>>>>>>>>>>>>>

 

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,ဝ၀ဝ ကျော် ဖန်တီးပေးနိုင်မယ့်  လုပ်ငန်း (၆) ခု MIC ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့   (၂၀) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမမှာကျင်းပခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးမှာ  ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၂၂၆) ဦး ဖန်တီးပေးနိုင်မယ့်  လုပ်ငန်း (၆) ခု ကိုခွင့်ပြုထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့   တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

အဲဒီလုပ်ငန်းတွေမှာ  ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ Network Facilitiesဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်/ အိပ်ချုပ်လုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းတွေ ပါဝင်ပြီး အစည်းအဝေးကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ဦးသောင်းထွန်း နဲ့ အဖွဲ့ဝင် (၁၂) ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။