အလုပ်လုပ်ကိုင်ရင်း ကျောင်းတက်နိုင်မယ့် ပညာရေးပြပွဲတစ်ခု MSI က ပြုလုပ်

0
681









<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်လုပ်ကိုင်ရင်း ကျောင်းတက်နိုင်မယ့် Internship Program ပါဝင်တဲ့ နိုင်ငံတကာ ကျောင်းပေါင်းစုံ ပညာရေးပြပွဲတစ်ခု MSI က ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်နိုင်ငံတွေမှာရှိတဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၇ ခုက စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေ၊ IT နည်းပညာနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေ၊ ဆေးပညာနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေအပြင် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေ ပါဝင်တဲ့ ပညာရေးပြပွဲတစ်ခုကို Myanmar Search International (MSI) က ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တက္ကသိုလ်တွေထဲမှာ အလုပ်လုပ်ကိုင်ရင်း ကျောင်းတက်နိုင်မယ့် Internship Program ပါဝင်တဲ့ ဆွစ်ဇာလန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံက တက္ကသိုလ်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံတကာ ကျောင်းပေါင်းစုံ ပညာရေးပြပွဲတစ်ခု ရန်ကုန်မြို့ ဆူးလေ ရှန်ဂီလာဟိုတယ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က ၁၀ ကြိမ်မြောက် ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်စုစုလှိုင် (မန်နေးဂျင်းဒါရိုက်တာ) Myanmar Search International (MSI)

အခုလို အလုပ်လုပ်ကိုင်ရင်း ကျောင်းတက်နိုင်မယ့် Internship Program တွေ ပါဝင်တာက မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်စေဖို့နဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေရရှိစေဖို့ ရည်ရွယ်တာလို့ MSI ကပြောပါတယ်။

Soundbite ဒေါ်စုစုလှိုင် (မန်နေးဂျင်းဒါရိုက်တာ) Myanmar Search International (MSI)

ဒီဇင်ဘာလ ၉ ရက်နေ့ မန္တလေးမြို့ Hilton Mandalay ဟိုတယ်မှာ နိုင်ငံတကာ ကျောင်းပေါင်းစုံ ပညာရေးပြပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။