အမျိုးသမီးတွေ  နိုင်ငံရေးမှာ ပါဝင်လာမှု မြင့်တက်ရေး ဆွေးနွေး

0
205




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အမျိုးသမီးတွေ  နိုင်ငံရေးမှာပါဝင်လာမှုမြင့်တက်လာရေး ဆွေးနွေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးတွေပိုမိုပါဝင်မဲပေးလာနိုင်ဖို့နဲ့ ရွေးကောက်တင်မြောက်ခံ ရတာတွေ အပါအဝင် နိုင်ငံရေးမှာပါဝင်မှုမြင့်တက်လာရေး အတွက်  ရလဒ်ကောင်းတွေ ဖော် ဆောင်နိုင်မှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့  International Foundation for Electoral Systems (IFES)တို့ ပူးပေါင်းပြုလုပ်တဲ့ အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှု မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့က နေပြည်တော်ရှိ Grand Amara Hotel မှာကျင်းပခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်က ချမှတ်ထားတဲ့ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အပါအဝင် အခြားသောဝန်ကြီးဌာနတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

?bph6