မုိးကုတ္ကိုလာေရာက္တဲ႔ ႏိုင္ငံျခားဧည့္ခရီးသြားေတြ ေက်ာက္ဝယ္ယူရာမွာ အခက္အခဲေတြရွိေန

0
531

မုိးကုတ္ကိုလာေရာက္တဲ႔ ႏိုင္ငံျခားဧည့္ခရီးသြားေတြအေနနဲ႔ ေက်ာက္ဝယ္ယူရာမွာ အခက္အခဲေတြရွိေနပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူး ကေပးပို႔ထား ပါတယ္။

မိုးကုတ္ၿမိဳ႕ကို စီးပြားေရးခရီးသြားေဒသ eco tourism သတ္မွတ္လိုက္ေပမယ့္ ေက်ာက္ဝယ္ယူတဲ႔ေနရာမွာ GTC မရွိတဲ႔အတြက္ အခက္အခဲေတြရွိေနပါတယ္။Gems Trade centre လို႔ ေခၚတဲ႔ gtc မရွိတဲ႔အတြက္ ေက်ာက္ဝယ္ယူလိုတဲ႔ခရီးသြားေတြအေနနဲ႔ အခြန္ေဆာင္ဖို႔နဲ႔ သယ္ယူပို႔ေဆာင္မႈေတြမွာ အဆင္မေျပ ျဖစ္ေနတာပါ။

အင္တာဗ်ဴး ေဒၚျဖဴျဖဴျမင့္ ဥကၠဌ
မိုးကုတ္ထာပြဲ ေက်ာက္ကုန္သည္ပြဲစားမ်ားအဖြဲ႕

လက္ရွိေက်ာက္မ်က္ ဥပေဒအသစ္ေၾကာင့္ ကုမၸဏီေတြအေနနဲ႔ တူးေဖာ္မႈေတြကို ရပ္ဆိုင္းထားရတဲ႔အတြက္ ေက်ာက္မ်က္ရွားပါးမႈေတြရွိေနပါတယ္။သက္တမ္းကုန္ဆံုးတဲ႔အတြက္ ရပ္ဆိုင္းထားရတဲ႔ ကုမၸဏီေတြအေနနဲ႔ သူတို႔လုပ္ကြက္ေတြကေနမဖယ္ရွားပဲ ဆက္လက္အေျခစိုက္ထားတဲ႔အေပၚ ေဒသခံေတြကလည္း မေက်နပ္မႈေတြရွိေနတာပါ။

အင္တာဗ်ဴး ေဒၚျဖဴျဖဴျမင့္ ဥကၠဌ
မိုးကုတ္ထာပြဲ ေက်ာက္ကုန္သည္ပြဲစားမ်ားအဖြဲ႕

မိုးကုတ္ေဒသကို ကမၻာလွည့္ခရီးသြားေတြ ပိုမိုဝင္ေရာက္လာေပမယ့္ ေက်ာက္မ်က္အေရာင္းအဝယ္မွာေတာ့ နည္းပါးေနေသးတာျဖစ္ပါတယ္ခင္ဗ်ာ။

မိုးကုတ်ကိုလာရောက်တဲ့ နိုင်ငံခြားဧည့်ခရီးသွားတွေအနေနဲ့ ကျောက်ဝယ်ယူရာမှာ အခက်အခဲတွေရှိနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူး ကပေးပို့ထား ပါတယ်။

မိုးကုတ်မြို့ကို စီးပွားရေးခရီးသွားဒေသ eco tourism သတ်မှတ်လိုက်ပေမယ့် ကျောက်ဝယ်ယူတဲ့နေရာမှာ GTC မရှိတဲ့အတွက် အခက်အခဲတွေရှိနေပါတယ်။Gems Trade centre လို့ ခေါ်တဲ့ gtc မရှိတဲ့အတွက် ကျောက်ဝယ်ယူလိုတဲ့ခရီးသွားတွေအနေနဲ့ အခွန်ဆောင်ဖို့နဲ့ သယ်ယူပို့ဆောင်မှုတွေမှာ အဆင်မပြေ ဖြစ်နေတာပါ။

အင်တာဗျူး ဒေါ်ဖြူဖြူမြင့် ဥက္ကဌ
မိုးကုတ်ထာပွဲ ကျောက်ကုန်သည်ပွဲစားများအဖွဲ့

လက်ရှိကျောက်မျက် ဥပဒေအသစ်ကြောင့် ကုမ္ပဏီတွေအနေနဲ့ တူးဖော်မှုတွေကို ရပ်ဆိုင်းထားရတဲ့အတွက် ကျောက်မျက်ရှားပါးမှုတွေရှိနေပါတယ်။သက်တမ်းကုန်ဆုံးတဲ့အတွက် ရပ်ဆိုင်းထားရတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့လုပ်ကွက်တွေကနေမဖယ်ရှားပဲ ဆက်လက်အခြေစိုက်ထားတဲ့အပေါ် ဒေသခံတွေကလည်း မကျေနပ်မှုတွေရှိနေတာပါ။

အင်တာဗျူး ဒေါ်ဖြူဖြူမြင့် ဥက္ကဌ
မိုးကုတ်ထာပွဲ ကျောက်ကုန်သည်ပွဲစားများအဖွဲ့

မိုးကုတ်ဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာပေမယ့် ကျောက်မျက်အရောင်းအဝယ်မှာတော့ နည်းပါးနေသေးတာဖြစ်ပါတယ်ခင်ဗျာ။