အထည္ခ်ဳပ္စက္ရံုေတြမွာလုပ္ကိုင္သူမ်ားလာတဲ့အတြက္ လယ္လုပ္သားရွားပါးမႈမ်ားလာ

0
299

အထည္ခ်ဳပ္စက္ရံုေတြမွာ ဝင္ေရာက္လုပ္ကိုင္သူေတြ မ်ားလာတဲ႔အတြက္ လယ္ယာလုပ္သားရွားပါးမႈ ျပႆနာေတြ ႀကံဳေတြ႕ေနရတယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။ ဒီသတင္းကို ပုသိမ္သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

ပုသိမ္ၿမိဳ႕နဲ႔ အနီးတစ္ဝိုက္ေက်းရြာေတြမွာရွိတဲ႔ လူငယ္ေတြက အထည္ခ်ဳပ္စက္ရံုေတြမွာ ဝင္ေရာက္လုပ္ကိုင္မႈ မ်ားျပားလာတဲ႔အတြက္ ပုသိမ္-ငပုေတာ ကားလမ္းေဘးတစ္ေလ်ွာက္ ေက်းရြာမွာ လယ္ယာလုပ္သားရွားပါးမႈ ျပသနာေတြ ႀကဳံေတြ႔ေနရတယ္လို႔ စပါးစိုက္ေတာင္သူေတြက ေျပာပါတယ္။

ေဆာင္းရာသီ စပါးစိုက္ပ်ိဳးရာမွာ စက္ကိရိယာေတြနဲ႔ ထြန္ယက္စိုက္ပ်ိဳးႏိုင္ေပမယ့္ မိုးရာသီ စပါးစိုက္ပ်ိဳးရာ မွာေတာ့ လယ္ယာလုပ္သား ရွာပါးေနတာ ျဖစ္ပါတယ္။

Soundbite ေဒၚျမင့္ျမင့္ေမာ္(ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ေပပင္ေလးေက်းရြာ စပါးစိုက္ေတာင္သူ)

အထည္ခ်ဳပ္စက္ရုံေတြမွာ ဝင္ေရာက္လုပ္ကိုင္သူေတြအတြက္ တစ္ေန႔ကို က်ပ္ ၅၀၀၀ ေက်ာ္အထိ ပုံမွန္ဝင္ေငြရရွိေနတာေၾကာင့္ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းထက္ အထည္ခ်ဳပ္စက္ရံုေတြမွာ ဝင္ေရာက္လုပ္ကိုင္သူေတြ မ်ားျပားလာေနတာ ျဖစ္ပါတယ္။

ပုသိမ္ၿမိဳ႕နဲ႔ အနီးတစ္ဝိုက္ေက်းရြာေတြမွာ ၁၈ႏွစ္ျပည္တဲ႔လူငယ္အကုန္လံုးနီးပါးက လယ္ယာလုပ္ငန္းခြင္မွာ မရွိဘဲ အထည္ခ်ဳပ္စက္ရံုေတြမွာသာ ပိုမိုဝင္ေရာက္လုပ္ကိုင္လာၾကတယ္လို႔ ေပပင္ေလးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

Soundbite ဦးဘုန္းျမင့္(ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ေပပင္ေလးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး)

လက္ရွိအခ်ိန္မွာ ေဒသတြင္းဖြံ႔ၿဖိဳးလာတာနဲ႔အညီစက္ရံုအလုပ္ရံုေတြမွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ မ်ားျပားလာေပမယ့္ ေတာင္သူေတြအတြက္ လယ္ယာလုပ္သားရွားပါးမႈေတြ ရွိလာတာေၾကာင့္ လယ္ယာသုံး စက္ကိရိယာေတြကို အစိုးရကလံုေလာက္ေအာင္ ေထာက္ပံ႔ေပးနိင္ဖို႔ ေတာင္သူေတြက ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

အထည်ချုပ်စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေ များလာတဲ့အတွက် လယ်ယာလုပ်သားရှားပါးမှု ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒီသတင်းကို ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

ပုသိမ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာရှိတဲ့ လူငယ်တွေက အထည်ချုပ်စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်မှု များပြားလာတဲ့အတွက် ပုသိမ်-ငပုတော ကားလမ်းဘေးတစ်လျှောက် ကျေးရွာမှာ လယ်ယာလုပ်သားရှားပါးမှု ပြသနာတွေ ကြုံတွေ့နေရတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ဆောင်းရာသီ စပါးစိုက်ပျိုးရာမှာ စက်ကိရိယာတွေနဲ့ ထွန်ယက်စိုက်ပျိုးနိုင်ပေမယ့် မိုးရာသီ စပါးစိုက်ပျိုးရာ မှာတော့ လယ်ယာလုပ်သား ရှာပါးနေတာ ဖြစ်ပါတယ်။

Soundbite ဒေါ်မြင့်မြင့်မော်(ကန်ကြီးထောင့်မြို့နယ် ပေပင်လေးကျေးရွာ စပါးစိုက်တောင်သူ)

အထည်ချုပ်စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေအတွက် တစ်နေ့ကို ကျပ် ၅၀ဝ၀ ကျော်အထိ ပုံမှန်ဝင်ငွေရရှိနေတာကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းထက် အထည်ချုပ်စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေ များပြားလာနေတာ ဖြစ်ပါတယ်။

ပုသိမ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ ၁၈နှစ်ပြည်တဲ့လူငယ်အကုန်လုံးနီးပါးက လယ်ယာလုပ်ငန်းခွင်မှာ မရှိဘဲ အထည်ချုပ်စက်ရုံတွေမှာသာ ပိုမိုဝင်ရောက်လုပ်ကိုင်လာကြတယ်လို့ ပေပင်လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Soundbite ဦးဘုန်းမြင့်(ကန်ကြီးထောင့်မြို့နယ် ပေပင်လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး)

လက်ရှိအချိန်မှာ ဒေသတွင်းဖွံ့ဖြိုးလာတာနဲ့အညီစက်ရုံအလုပ်ရုံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာပေမယ့် တောင်သူတွေအတွက် လယ်ယာလုပ်သားရှားပါးမှုတွေ ရှိလာတာကြောင့် လယ်ယာသုံး စက်ကိရိယာတွေကို အစိုးရကလုံလောက်အောင် ထောက်ပံ့ပေးနိင်ဖို့ တောင်သူတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6