အရက္ခ်က္စက္ရုံေတြ အခြန္ေရွာင္ရွားၿပီး မလြယ္ေပါက္က ထုတ္ယူေရာင္းခ်မႈေတြရွိေန

0
65

အရက္ခ်က္စက္ရုံေတြ စစ္ေဆးတာေတြ ၊တားျမစ္တာေတြ ၊အျပစ္ေပးမႈေတြ ုျပဳလုပ္နုိင္ဖို႔ တစ္လအႀကိမ္ ျဖစ္ေစ ေရွာင္တခင္ ၀င္ေရာက္စစ္ေဆးသင့္ၿပီး စက္ရုံပိတ္ထားတယ္ဆုိၿပီး အခြန္ေရွာင္ကာ မလြယ္ေပါက္ ကေန အရက္ထုတ္ယူ ေရာင္းခ်ေနတာေတြ ေတြ႔ရွိေနရေၾကာင္း ဧရာ၀တီတုိင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၅) လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေမာင္ေမာင္ အုန္းကေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

ဒီဇင္ဘာလ ၆ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ ျပည္ေထာင္စုအစုိးရအဖြဲ႔ကေပးပို႔တဲ့ ျပည္ေထာင္စု၀န္ႀကီးဌာန အဖြဲ႕အစည္းေတြရဲ႕ ၂၀၁၇ ၂၀၁၈ခုႏွစ္ ဒုတိယေျခာက္လပတ္ အခြန္ေကာက္ခံမႈ အေျခအေန အေပၚမွာ ေလ့လာေတြ႕ရွိခ်က္ သေဘာထားေတြကုိ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

တရားမ၀င္အရက္ပုလင္းေတြထုတ္လုပ္ၿပီး တံဆိပ္ေခါငး္အတုနဲ႔ ေရာင္းခ်တာေတြကုိ နယ္ဘက္ေတြမွာ ေတြ႔ရွိေနရေၾကာင္းနဲ႔ ေရလမ္းကုန္လမ္းေတြကေနၿပီး တရားဥပေဒ စုိးမိုးမႈနည္း တဲ့ေဒသေတြမွာ အမ်ားဆုံးေတြ႔ရွိေနရေၾကာင္း အဲဒီလုိ ျပသနာေတြကုိေျဖရွင္းနုိင္ဖို႔အတြက္ ျပည္သူေတြပူးေပါင္းပါ၀င္ဖို႔ လုိအပ္ေၾကာင္း ဧရာ၀တီတုိင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၅) လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေမာင္ေမာင္အုန္းက ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရက်ချက်စက်ရုံတွေ စစ်ဆေးတာတွေ ၊တားမြစ်တာတွေ ၊အပြစ်ပေးမှုတွေ ုပြုလုပ်နိုင်ဖို့ တစ်လအကြိမ် ဖြစ်စေ ရှောင်တခင် ဝင်ရောက်စစ်ဆေးသင့်ပြီး စက်ရုံပိတ်ထားတယ်ဆိုပြီး အခွန်ရှောင်ကာ မလွယ်ပေါက် ကနေ အရက်ထုတ်ယူ ရောင်းချနေတာတွေ တွေ့ရှိနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် အုန်းကဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၆ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပို့တဲ့ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းတွေရဲ့ ၂၀၁၇ ၂၀၁၈ခုနှစ် ဒုတိယခြောက်လပတ် အခွန်ကောက်ခံမှု အခြေအနေ အပေါ်မှာ လေ့လာတွေ့ရှိချက် သဘောထားတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တရားမဝင်အရက်ပုလင်းတွေထုတ်လုပ်ပြီး တံဆိပ်ခေါငး်အတုနဲ့ ရောင်းချတာတွေကို နယ်ဘက်တွေမှာ တွေ့ရှိနေရကြောင်းနဲ့ ရေလမ်းကုန်လမ်းတွေကနေပြီး တရားဥပဒေ စိုးမိုးမှုနည်း တဲ့ဒေသတွေမှာ အများဆုံးတွေ့ရှိနေရကြောင်း အဲဒီလို ပြသနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် ပြည်သူတွေပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

?bph6