ကာ/ခ်ဳပ္ ကို ခ်င္းသူရဲေကာင္းဘြဲ႕ ေပးအပ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ကန္႔ကြက္

0
70

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို ရန္ကုန္အေျခစိုက္ ခ်င္းျပည္နယ္ တီးတိန္ (ဇိုးမီး) အဖြဲ႔က ခ်င္းသူရဲေကာင္းဘြဲ႔ ေပးအပ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ဇိုမီး ခ်င္းအမ်ိဳးသားထုရဲ႕ သေဘာထား မဟုတ္ဘူးလို႔ ဇိုမီး ခ်င္းတိုင္းရင္းသား အရပ္ဖက္အဖြဲ႔အစည္း ၂၂ ဖြဲ႕က သေဘာထားထုတ္ျပန္လိုက္ပါတယ္။

အဲဒီလို ခ်င္းသူရဲေကာင္းဘြဲ႔ကို တီးတိန္(ဇိုမီး) အဖြဲ႔အမည္ခံ လူတစ္စုက ေပးခဲ့တာသာျဖစ္ၿပီး သက္ဆိုင္ရာ ေခါင္းေဆာင္ဆရာေတာ္ႀကီးေတြ၊ ဇိုမီးခ်င္းလူမ်ိဳးေတြ၊ ယဥ္ေက်းမႈအဖြဲ႔အစည္းေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြ၊ ႏိုင္ငံေရးပါတီေတြက သိရွိသေဘာတူတာဆံုးျဖတ္ခဲ့တာ မဟုတ္ဘူးလို႔ ခ်င္းတိုင္းရင္းသား အရပ္ဘက္အဖြဲ႔အစည္းေတြက ေျပာပါတယ္။

တီးတိန္ (ဇိုမီး) အသင္းက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ေျမာက္ပိုင္း ခ်င္းတိုင္းရင္းသားေတြရဲ႕ အျမင့္ဆံုးသူရဲေကာင္းဘြဲ႔ ခ်င္းသူရဲေကာင္းဘြဲ႔ဂုဏ္ျပဳလႊာနဲ႔ ခ်င္းသူရဲေကာင္းေတြ ကိုင္ေဆာင္ခဲ့တဲ့ ဓားနဲ႔ပံုစံတူ ဓားရွည္တစ္လက္ကို ေနျပည္ေတာ္ ဘုရင့္ေနာင္ရိပ္သာမွာ ဒီဇင္ဘာ ၄ ရက္ေန႔က သြားေရာက္ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာ/ချုပ် ကို ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်အခြေစိုက် ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဇိုမီး ချင်းအမျိုးသားထုရဲ့ သဘောထား မဟုတ်ဘူးလို့ ဇိုမီး ချင်းတိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်း ၂၂ ဖွဲ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို ချင်းသူရဲကောင်းဘွဲ့ကို တီးတိန်(ဇိုမီး) အဖွဲ့အမည်ခံ လူတစ်စုက ပေးခဲ့တာသာဖြစ်ပြီး သက်ဆိုင်ရာ ခေါင်းဆောင်ဆရာတော်ကြီးတွေ၊ ဇိုမီးချင်းလူမျိုးတွေ၊ ယဉ်ကျေးမှုအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက သိရှိသဘောတူတာဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ချင်းတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

တီးတိန် (ဇိုမီး) အသင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မြောက်ပိုင်း ချင်းတိုင်းရင်းသားတွေရဲ့ အမြင့်ဆုံးသူရဲကောင်းဘွဲ့ ချင်းသူရဲကောင်းဘွဲ့ဂုဏ်ပြုလွှာနဲ့ ချင်းသူရဲကောင်းတွေ ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ပုံစံတူ ဓားရှည်တစ်လက်ကို နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဒီဇင်ဘာ ၄ ရက်နေ့က သွားရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

?bph6