ဘူးသီးေတာင္မွာ ေပါက္ကြဲမႈျဖစ္ပြားၿပီး တုိင္းရင္းသားႏွစ္ဦး ေသဆုံး

0
85

ရခုိင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း ရေသ့ေတာင္-ပုဏၰားကၽြန္း အေ၀းေျပးလမ္းမ ထိပ္ထူး ေပါက္ေက်းရြာအနီးမွာ ၿပီးခဲ့တဲ့ည ၁၀ နာရီေလာက္က ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။

သတင္းဓာတ္ပံု- မင္းမ်ိဳးႏြယ္

အဲဒီေပါက္ကြဲမႈဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ ေက်ာက္ရံေက်းရြာအုပ္စု ထိပ္ထူးေပါက္ေက်းရြာ အေရွ႕ဘက္ ထိပ္ထူးေပါက္ ေတာင္တန္းရဲ႕ အလယ္ေလာက္မွာျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ တုိင္းရင္းသား ႏွစ္ဦးေသဆံုး သြားခဲ့ပါတယ္။

“ေပါက္တာက ည ၁၀ ေက်ာ္ေက်ာ္ေလာက္မွာ ေပါက္တာေပါ့ေနာ္။ အဲဒီမွာကၽြန္ေတာ္တုိ႔သြားၾကည့္ေတာ့ လူႏွစ္ေယာက္ေသေနတာကိုေတြ႔ရတယ္။ ဘယ္ကလဲဘယ္သူေတြလဲဆိုတာေတာ့ မသိရဘူး။ ဆိုင္ကယ္တစ္စီး ပါတယ္။ လူငယ္ေတြပါပဲ။ နယ္ျခားေစာင့္တပ္ကေတာ့ တိုင္းရင္းသားေတြလို႔ ခန္႔မွန္းပါတယ္။”လို႔ ေက်ာက္ရံေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစံေမာင္ကေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာမွာ ဘူးသီးေတာင္ၿမိဳ႕နဲ႔ ၁၆ မိုင္ခန္႔ကြာေ၀းတဲ့ ေက်ာက္ရံေက်းရြာ အုပ္စုအတြင္းက ထိပ္ထူးေပါက္ေက်းရြာရဲ႕ အေရွ႕ဘက္ တစ္မိုင္ခန္႔အကြာ ရေသ့ေတာင္-ပုဏၰားကၽြန္းအေ၀း ေျပးလမ္းမ အလယ္မွာ ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။
“ေပါက္ကြဲမႈျဖစ္တဲ့ေနရာကို GE တပ္ကေရာက္လာၿပီး ရွင္းလင္းမႈေတြ၊ တူးေဖာ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ေသဆံုးသူေတြရဲ႕အနားမွာ မိုင္းေထာင္တာနဲ႔ ဆက္စပ္ပစၥည္းေတြကို ေတြ႔ရတယ္လို႔ေျပာပါတယ္။ သူတုိ႔ေထာင္ တာျဖစ္ႏုိင္တယ္လို႔ ခန္႔မွန္းတာေပါ့။”လို႔ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ဒါ့အျပင္ ေသဆံုးသူႏွစ္ဦးတုိ႔မွာ အသက္ႏွစ္ဆယ္ေက်ာ္အရြယ္ေတြျဖစ္ၿပီး တစ္ဦးမွာ ကိုယ္ခႏၶာပ်က္စီး သြားခဲ့ေၾကာင္းနဲ႔ က်န္တစ္ဦးကိုေတာ့ ဘူးသီးေတာင္ေဆးရံုကို ပို႔ေဆာင္ေပးခဲ့ၿပီးေတာ့ စစ္ေဆးမႈေတြ ေဆာင္ရြက္ေန တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘူးသီးတောင်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး တိုင်းရင်းသားနှစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင်-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမ ထိပ်ထူး ပေါက်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ည ၁၀ နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုဟာ ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာအုပ်စု ထိပ်ထူးပေါက်ကျေးရွာ အရှေ့ဘက် ထိပ်ထူးပေါက် တောင်တန်းရဲ့ အလယ်လောက်မှာဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် တိုင်းရင်းသား နှစ်ဦးသေဆုံး သွားခဲ့ပါတယ်။

“ပေါက်တာက ည ၁၀ ကျော်ကျော်လောက်မှာ ပေါက်တာပေါ့နော်။ အဲဒီမှာကျွန်တော်တို့သွားကြည့်တော့ လူနှစ်ယောက်သေနေတာကိုတွေ့ရတယ်။ ဘယ်ကလဲဘယ်သူတွေလဲဆိုတာတော့ မသိရဘူး။ ဆိုင်ကယ်တစ်စီး ပါတယ်။ လူငယ်တွေပါပဲ။ နယ်ခြားစောင့်တပ်ကတော့ တိုင်းရင်းသားတွေလို့ ခန့်မှန်းပါတယ်။”လို့ ကျောက်ရံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစံမောင်ကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာမှာ ဘူးသီးတောင်မြို့နဲ့ ၁၆ မိုင်ခန့်ကွာဝေးတဲ့ ကျောက်ရံကျေးရွာ အုပ်စုအတွင်းက ထိပ်ထူးပေါက်ကျေးရွာရဲ့ အရှေ့ဘက် တစ်မိုင်ခန့်အကွာ ရသေ့တောင်-ပုဏ္ဏားကျွန်းအဝေး ပြေးလမ်းမ အလယ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
“ပေါက်ကွဲမှုဖြစ်တဲ့နေရာကို GE တပ်ကရောက်လာပြီး ရှင်းလင်းမှုတွေ၊ တူးဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့အနားမှာ မိုင်းထောင်တာနဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရတယ်လို့ပြောပါတယ်။ သူတို့ထောင် တာဖြစ်နိုင်တယ်လို့ ခန့်မှန်းတာပေါ့။”လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူနှစ်ဦးတို့မှာ အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်ပြီး တစ်ဦးမှာ ကိုယ်ခန္ဓာပျက်စီး သွားခဲ့ကြောင်းနဲ့ ကျန်တစ်ဦးကိုတော့ ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးတော့ စစ်ဆေးမှုတွေ ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။

?bph6