အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ႏုိင္ငံေရးဆႏၵျပင္းျပစြာ လုပ္ေဆာင္မယ္လို႔ သမၼတ ဦး၀င္းျမင့္ေျပာ

0
106

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးကို ႏိုင္ငံေရးဆႏၵျပင္းျပစြာနဲ႔ အမ်ိဳးသားေရးတာ၀န္တစ္ရပ္အျဖစ္ လုပ္ေဆာင္ သြားမယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာၾကားလိုက္ပါတယ္။

အျပည္ျပည္ဆိုင္ရာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို ေပးပို႔တဲ့ သ၀ဏ္လႊာ မွာ ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က အခုလို ေျပာၾကားထားတာပါ။

ဒါ့အျပင္ အဂတိလိုက္စားမႈဟာ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံတည္ေဆာက္ရာမွာ အဓိက ခလုတ္ကသင္း ျဖစ္ေနတာကို နားလည္သေဘာေပါက္ေၾကာင္း၊ ျပည္သူလုထုရဲ႕ လူေနမႈအဆင့္အတန္းျမင့္မားေရး၊ ဆင္းရဲ ႏြမ္းပါးမႈေလ်ာ့ခ်ေရး၊ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ၀င္ေရာက္ႏိုင္မႈေတြကို ထိခိုက္ေစတယ္လို႔လည္း ေျပာပါတယ္။

အမ်ားျပည္သူအဖြဲ႕အစည္းေတြမွာ စနစ္တစ္ခုလို ပ်ံ႕ႏွံ႔ေနတဲ့ အဂတိလိုက္စားမႈကို သိသိသာသာက်ဆင္းေအာင္ လုပ္ေဆာင္ေနၿပီး ကမၻာဘဏ္ရဲ႕ အဂတိလိုက္စားမႈ ထိန္းခ်ဳပ္ႏိုင္တဲ့အဆင့္ တိုးတက္လာဖို႔ကိုလည္း ခ်မွတ္ေဆာင္ရြက္ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က အဲဒီသ၀ဏ္လႊာမွာ ေျပာၾကားထားတာ ျဖစ္ပါ တယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဂတိလိုက်စားမှုတိုက်ဖျက်ရေး နိုင်ငံရေးဆန္ဒပြင်းပြစွာ လုပ်ဆောင်မယ်လို့ သမ္မတ ဦးဝင်းမြင့်ပြော

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေးဆန္ဒပြင်းပြစွာနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လုပ်ဆောင် သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာ မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အခုလို ပြောကြားထားတာပါ။

ဒါ့အပြင် အဂတိလိုက်စားမှုဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ရာမှာ အဓိက ခလုတ်ကသင်း ဖြစ်နေတာကို နားလည်သဘောပေါက်ကြောင်း၊ ပြည်သူလုထုရဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဆင်းရဲ နွမ်းပါးမှုလျော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နိုင်မှုတွေကို ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

အများပြည်သူအဖွဲ့အစည်းတွေမှာ စနစ်တစ်ခုလို ပျံ့နှံ့နေတဲ့ အဂတိလိုက်စားမှုကို သိသိသာသာကျဆင်းအောင် လုပ်ဆောင်နေပြီး ကမ္ဘာဘဏ်ရဲ့ အဂတိလိုက်စားမှု ထိန်းချုပ်နိုင်တဲ့အဆင့် တိုးတက်လာဖို့ကိုလည်း ချမှတ်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဲဒီသဝဏ်လွှာမှာ ပြောကြားထားတာ ဖြစ်ပါ တယ်။

?bph6