ခ်ည္မွ်င္နဲ႔အထည္ခ်ဳပ္ဆိုင္ရာ စက္မႈလက္မႈျပပြဲေတြ က်င္းပႏိုင္တာေၾကာင့္ အရင္ထက္ တိုးတက္လာ

0
67

ခ်ည္မွ်င္နဲ႔အထည္ခ်ဳပ္ဆိုင္ရာ စက္မႈလက္မႈျပပြဲေတြ က်င္းပႏိုင္ခဲ့တာေၾကာင့္ ႏိုင္ငံတကာရင္းႏွီးျမွဳပ္ႏွံမႈေတြ အရင္ကထက္ တိုးတက္လာတယ္လို႔ ျမန္မာႏိုင္ငံ ခ်ည္မွ်င္နဲ႔ အထည္အလိပ္လုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

အထည္ခ်ဳပ္လုပ္ငန္း ပိုမိုဖြံ႕ၿဖိဳးလာေစဖို႔ ရည္ရြယ္ၿပီး ခ်ည္မွ်င္နဲ႔ အထည္ခ်ဳပ္ဆိုင္ရာ စက္မႈလက္မႈ ျပပြဲေတြကို ၂၀၁၁ ခုႏွစ္က စတင္က်င္းပခဲ့တာျဖစ္ပါတယ္။ အဲဒီျပပြဲေတြ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ၄၂၀ ေက်ာ္ရွိခဲ့ေပမယ့္ အခု ၂၀၁၈ ခုႏွစ္မွာေတာ့ ၅၀၀ ေက်ာ္ တိုးတက္လာခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ခ်ည္မွ်င္နဲ႔ အထည္အလိပ္လုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။

ဒီဇင္ဘာလ ၆ ရက္ေန႔ကေန ၉ ရက္အထိ ရန္ကုန္ၿမိဳ႕ အင္းယားလိတ္ဟိုတယ္မွာ သတၱမႀကိမ္ေျမာက္ ျမန္မာႏိုင္ငံတကာဆိုင္ရာ ခ်ည္မွ်င္နဲ႔ အထည္ခ်ဳပ္ဆိုင္ရာ စက္မႈလက္မႈျပပြဲ ျပသေနတာပါ။

Soundbite; ေဒၚရင္ရင္မိုး (အေထြေထြအတြင္းေရးမွဴး)
ျမန္မာႏိုင္ငံခ်ည္မွ်င္ႏွင့္အထည္အလိပ္လုပ္ငန္းရွင္မ်ားအသင္း

အခုဒီႏွစ္ ျပသတဲ့ ခ်ည္မွ်င္နဲ႔အထည္ခ်ဳပ္ဆိုင္ရာ စက္မႈလက္မႈျပပြဲမွာ ႏိုင္ငံ ၁၃ ႏိုင္ငံက နာမည္ႀကီး ကုန္ပစၥည္းအမ်ဳိးေပါင္း ၁၃၀ ေက်ာ္ကို ျပသထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံတကာစက္ပစၥည္းေတြနဲ႔ တိုးတက္ေနတဲ့ နည္းပညာေတြကိုလည္း အင္ယားလိတ္ဟိုတယ္၀င္းအတြင္းက Yangon Convention Center မွာ ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

Soundbite; ေဒၚရင္ရင္မိုး (အေထြေထြအတြင္းေရးမွဴး)
ျမန္မာႏိုင္ငံခ်ည္မွ်င္ႏွင့္အထည္အလိပ္လုပ္ငန္းရွင္မ်ားအသင္း

အခုလို ခ်ည္မွ်င္နဲ႔အထည္ခ်ဳပ္ဆိုင္ရာ စက္မႈလက္မႈျပပြဲေတြ ျပသႏိုင္ခဲ့တာေၾကာင့္ ျပည္တြင္း လုပ္ငန္းရွင္ေတြလည္းအဆင္ေျပမႈေတြရွိသလို ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူေတြလည္း ပိုမိုတိုးတက္လာခဲ့တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ခ်ည္မွ်င္နဲ႔ အထည္ခ်ဳပ္ဆိုင္ရာ လုပ္ငန္းေတြကို အမ်ားဆံုးလာေရာက္ရင္းႏွီးျမွဳပ္ႏွံတဲ့ ႏိုင္ငံေတြကေတာ့ တရုတ္၊ ဂ်ပန္၊ ဂ်ာမနီနဲ႔ ၾသစေၾတးလ် စတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္ရွင္။

ချည်မျှင်နဲ့အထည်ချုပ်ဆိုင်ရာ စက်မှုလက်မှုပြပွဲတွေ ကျင်းပနိုင်ခဲ့တာကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အရင်ကထက် တိုးတက်လာတယ်လို့ မြန်မာနိုင်ငံ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

အထည်ချုပ်လုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး ချည်မျှင်နဲ့ အထည်ချုပ်ဆိုင်ရာ စက်မှုလက်မှု ပြပွဲတွေကို ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီပြပွဲတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၂၀ ကျော်ရှိခဲ့ပေမယ့် အခု ၂၀၁၈ ခုနှစ်မှာတော့ ၅၀ဝ ကျော် တိုးတက်လာခဲ့တယ်လို့ မြန်မာနိုင်ငံ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၉ ရက်အထိ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ သတ္တမကြိမ်မြောက် မြန်မာနိုင်ငံတကာဆိုင်ရာ ချည်မျှင်နဲ့ အထည်ချုပ်ဆိုင်ရာ စက်မှုလက်မှုပြပွဲ ပြသနေတာပါ။

Soundbite; ဒေါ်ရင်ရင်မိုး (အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်း

အခုဒီနှစ် ပြသတဲ့ ချည်မျှင်နဲ့အထည်ချုပ်ဆိုင်ရာ စက်မှုလက်မှုပြပွဲမှာ နိုင်ငံ ၁၃ နိုင်ငံက နာမည်ကြီး ကုန်ပစ္စည်းအမျိုးပေါင်း ၁၃၀ ကျော်ကို ပြသထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာစက်ပစ္စည်းတွေနဲ့ တိုးတက်နေတဲ့ နည်းပညာတွေကိုလည်း အင်ယားလိတ်ဟိုတယ်ဝင်းအတွင်းက Yangon Convention Center မှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Soundbite; ဒေါ်ရင်ရင်မိုး (အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းရှင်များအသင်း

အခုလို ချည်မျှင်နဲ့အထည်ချုပ်ဆိုင်ရာ စက်မှုလက်မှုပြပွဲတွေ ပြသနိုင်ခဲ့တာကြောင့် ပြည်တွင်း လုပ်ငန်းရှင်တွေလည်းအဆင်ပြေမှုတွေရှိသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလည်း ပိုမိုတိုးတက်လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ချည်မျှင်နဲ့ အထည်ချုပ်ဆိုင်ရာ လုပ်ငန်းတွေကို အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ဂျာမနီနဲ့ သြစတြေးလျ စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်ရှင်။

?bph6