အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ ပြန်လည်အသုံးချနိုင်ဖို့ရည်ရွယ်ပြီး ပညာရေးပြပွဲကျင်းပ

0
61


လူငယ်တွေ အနာဂတ်မှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေနဲ့ ပြန်လည်အသုံးချနိုင်ဖို့သာမက နိုင်ငံတကာနဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ ဥရောပမှာ ပညာသင်ကြားနိုင်ဖို့အတွက်ရည်ရွယ်ပြီး Study in Europe Myanmar ပညာရေးပြပွဲကို ဒီဇင်ဘာလ၁၃ရက် နေ့မှာ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ ကျင်းပသွား မှာဖြစ်ပါတယ်။





လူငယ်တွေ အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ ပြည်တွင်းမှာ ပြန်လည်အသုံးချနိုင်ဖို့ရည်ရွယ်ပြီး Study in Europe Myanmar ပညာရေးပြပွဲကျင်းပသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သန္တာမိုးကပေးပို့ထားပါတယ်။

လူငယ်တွေ အနာဂတ်မှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေနဲ့ ပြန်လည်အသုံးချနိုင်ဖို့သာမက နိိုင်ငံတကာနဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ ဥရောပမှာ ပညာသင်ကြားနိုင်ဖို့အတွက်ရည်ရွယ်ပြီး Study in Europe Myanmar ပညာရေးပြပွဲကို ဒီဇင်ဘာလ၁၃ရက် နေ့မှာ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ ကျင်းပသွား မှာဖြစ်ပါတယ်။

Soundbite H.E Kristian SCHMIDT
Ambassador of the European Union to Myanmar

ပညာရေးပြပွဲကို ဥရောပသမဂ္ဂက ပြုလုပ်တဲ့ဗြိတိသျှကောင်စီက ဦးဆောင်ကျင်းပတာဖြစ်ပြီး ဥရောပ၁၃နိုင်ငံ ရဲ့ ကိုယ်စားပြုကျောင်း၂၇ကျောင်း၊ အဆင့်မြှင့်ပညာရေးကျောင်း ၁၉ကျောင်း နိုင်ငံတော်အဆင့် ကိုယ်စားလှယ် သံရုံး၈ခုတို့ကပညာရှင်တွေက ဥရောပရဲ့ ပညာသင်ကြားရေးဆိုင်ရာ စနစ်တွေကို ဆွေးနွေးပြောကြား ပေးသွားမှာဖြစ်ပါတယ်။

Soundbite Richard Sunderland
Country Director,British Council Myanmar

ဥရောပရှိ ပညာသင်ပွဲတော်ကို ၁၀နိုင်ငံမှာကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပရှိ တက္ကသိုလ်တွေမှာ မြန်မာနိုင်ငံကမဟာဘွဲ့ တက်ရောက်နေတဲ့ကျောင်း သား ၄၇ဦးရှိနေတာလည်းဖြစ်ပါတယ်ရှင်။

?bph6