ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အီတလီ ဂႏၲ၀င္ေတးဂီတ ေဖ်ာ္ေျဖ ပြဲတက္ေရာက္

1
88

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ မေန႔က  ေနျပည္ေတာ္ရွိ Kempinski Hotel မွာက်င္းပတဲ့ အီတလီႏိုင္ငံက စႏၵယားပညာရွင္ Ms. Raffaella နဲဲ႔  တေယာ ပညာရွင္ Ms. Natascia Gazzana တို႔ရဲ႕ အီတလီ ဂႏၲ၀င္ေတးဂီတ ေဖ်ာ္ေျဖပြဲကုိ တက္ေရာက္ခဲ့ပါတယ္။

စႏၵယားပညာရွင္ နဲ႔ တေယာပညာရွင္ ႏွစ္ဦးတုိ႔က အီတလီ ဂႏၲ၀င္ေတးသီခ်င္း ေတြျဖစ္ၾကတဲ့ အာ ဗီဗာလ္ဒီရဲ႕  ဆိုနာတာအမွတ္ ၂ တီးကြက္ ၃၁၊ အန္ ပါဂါနီနီရဲ႕ ဆိုနာတာ၊ ဂ်ီ ေရာ့စီနီရဲ႕ တေယာနဲ႔ စႏၵယားတီးကြက္အျမဴး အပါအ၀င္  ဘီ ဘာေတာ့ခ္ရဲ႕ ရိုေမးနီးယား အကတို႔နဲ႔ ေဖ်ာ္ေျဖတင္ဆက္ခဲ့ၾကတာျဖစ္ပါတယ္ ။

ေဖ်ာ္ေျဖပဲြကုိ ျပည္ေထာင္စု၀န္ႀကီး ဦး၀င္းခိုင္၊ ဦးခင္ေမာင္ခ်ဳိ၊ ေဒါက္တာ မ်ဳိးသိမ္းႀကီး၊ ဦးဟန္ေဇာ္ႏွင့္ဇနီး၊ ေဒါက္တာ၀င္းျမတ္ေအး၊ ဦးေက်ာ္တင္၊ ဒုတိယ၀န္ႀကီး ေဒါက္တာ ထြန္းႏိုင္၊ အၿမဲတမ္းအတြင္း ၀န္ေတြ  ညႊန္ၾကားေရးမွဴးခ်ဳပ္ေတြ ျမန္မာႏိုင္ငံဆိုင္ရာ ႏိုင္ငံျခား သံရံုးေတြက သံတမန္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က  နေပြည်တော်ရှိ Kempinski Hotel မှာကျင်းပတဲ့ အီတလီနိုင်ငံက စန္ဒယားပညာရှင် Ms. Raffaella နဲ့  တယော ပညာရှင် Ms. Natascia Gazzana တို့ရဲ့ အီတလီ ဂန္တဝင်တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါတယ်။

စန္ဒယားပညာရှင် နဲ့ တယောပညာရှင် နှစ်ဦးတို့က အီတလီ ဂန္တဝင်တေးသီချင်း တွေဖြစ်ကြတဲ့ အာ ဗီဗာလ်ဒီရဲ့  ဆိုနာတာအမှတ် ၂ တီးကွက် ၃၁၊ အန် ပါဂါနီနီရဲ့ ဆိုနာတာ၊ ဂျီ ရော့စီနီရဲ့ တယောနဲ့ စန္ဒယားတီးကွက်အမြူး အပါအဝင်  ဘီ ဘာတော့ခ်ရဲ့ ရိုမေးနီးယား အကတို့နဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတာဖြစ်ပါတယ် ။

ဖျော်ဖြေပွဲကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဦးခင်မောင်ချို၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးဟန်ဇော်နှင့်ဇနီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်း ဝန်တွေ  ညွှန်ကြားရေးမှူးချုပ်တွေ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးတွေက သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

?bph6