ခ်င္းဒုကၡသည္ေတြ ဆႏၵအေလ်ာက္ ေနရပ္ျပန္ေရး ျပန္စဥ္းစားေပးဖို႔ တိုက္တြန္း

0
74

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) က အိႏၵိယနဲ႔ မေလးရွားႏိုင္ငံရွိ ခ်င္းဒုကၡသည္ေတြကို မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္ၾကဖို႔ တိုက္တြန္းခ်က္ကို ျပန္စဥ္းစားေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

လန္ဒန္ စီးပြားေရးႏွင့္ ႏိုင္ငံေရး သိပၸံေက်ာင္း (LSE) blog မွာ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) က မိုက္ကယ္ ေဟာင္းဝပ္နဲ႔ ဆလိုင္း SH လ်န္ တို႔ရဲ႕ ေဆာင္းပါးမွာ အခုလို ေတာင္းဆိုထားတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လမွာ အိႏၵိယႏိုင္ငံရွိ ခ်င္းဒုကၡသည္ ၅ ေထာင္ကို ႏိုင္ငံတကာ အကာအကြယ္ေပးမႈေတြ ဆက္ေပးေတာ့မွာ မဟုတ္ေၾကာင္း UNHCR က အေၾကာင္းၾကားခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ ခ်င္းဒုကၡသည္ အမ်ားစုရဲ႕ ဒုကၡသည္ အသိအမွတ္ျပဳမႈကို ဖယ္ရွားမွာ ျဖစ္ၿပီး သူတို႔ဟာ ျမန္မာႏိုင္ငံ၊ ခ်င္းျပည္နယ္ကို ျပန္ရမွာ ျဖစ္ပါတယ္။

နယူးေဒလီမွာ ခ်င္းဒုကၡသည္ ၅ ေထာင္ဟာ UNHCR မွာ ဒုကၡသည္အျဖစ္ မွတ္ပံုတင္ထားပါတယ္။ မေလးရွားႏိုင္ငံမွာေတာ့ ခ်င္းဒုကၡသည္ ၃ ေသာင္းခြဲ ခိုလံႈခြင့္ေတာင္းခံထားၿပီး ခ်င္းတိုင္းရင္းသား ၁၆၂၀၀ ကေတာ့ ဒုကၡသည္အျဖစ္ မွတ္ပံုတင္ထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

ချင်းဒုက္ခသည်တွေ ဆန္ဒအလျောက် နေရပ်ပြန်ရေး ပြန်စဉ်းစားပေးဖို့ တိုက်တွန်း

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အိန္ဒိယနဲ့ မလေးရှားနိုင်ငံရှိ ချင်းဒုက္ခသည်တွေကို မိမိဆန္ဒအလျောက် နေရပ်ပြန်ကြဖို့ တိုက်တွန်းချက်ကို ပြန်စဉ်းစားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေး သိပ္ပံကျောင်း (LSE) blog မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မိုက်ကယ် ဟောင်းဝပ်နဲ့ ဆလိုင်း SH လျန် တို့ရဲ့ ဆောင်းပါးမှာ အခုလို တောင်းဆိုထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည် ၅ ထောင်ကို နိုင်ငံတကာ အကာအကွယ်ပေးမှုတွေ ဆက်ပေးတော့မှာ မဟုတ်ကြောင်း UNHCR က အကြောင်းကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ချင်းဒုက္ခသည် အများစုရဲ့ ဒုက္ခသည် အသိအမှတ်ပြုမှုကို ဖယ်ရှားမှာ ဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ကို ပြန်ရမှာ ဖြစ်ပါတယ်။

နယူးဒေလီမှာ ချင်းဒုက္ခသည် ၅ ထောင်ဟာ UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားပါတယ်။ မလေးရှားနိုင်ငံမှာတော့ ချင်းဒုက္ခသည် ၃ သောင်းခွဲ ခိုလှုံခွင့်တောင်းခံထားပြီး ချင်းတိုင်းရင်းသား ၁၆၂၀ဝ ကတော့ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားပါတယ်။

?bph6