ရန္ကုုန္မုိးပ်ံအျမန္လမ္း စီမံကိန္း (YEX) Phase-I အတြက္ ဆန္ခါတင္အရည္အေသြး ျပည့္မီတဲ့ ကုမၸဏီ(၁၀)ခုကို ထုတ္ျပန္ေၾကညာ

0
69

ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔ တုိ႔ ပူးေပါင္းကာ Public Private Partnership (PPP) အစီအစဥ္နဲ႔ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မယ့္ ရန္ကုုန္မုိးပ်ံအျမန္လမ္းစီမံကိန္း (YEX) Project Phase 1 ကိုစိတ္၀င္စားတ့ဲ ရင္းႏွီးျမွဳပ္ႏွံေတြထံမွ ဆန္ခါတင္အရည္အေသြး ျပည့္မီတ့ဲေလွ်ာက္လႊာ (၁၂)ေစာင္ ကိုေဆာက္လုပ္ေရး၀န္ႀကီးဌာနက လက္ခံရရွိခ့ဲပါတယ္။

အ့ဲဒီတင္သြင္းလာတ့ဲ ကုမၸဏီ(၁၂)ခု ထဲက ဆန္ခါတင္ အရည္အေသြးျပည့္မီတ့ဲ ကုမၸဏီ(၁၀)ခု အမည္စာရင္းကို ေဆာက္လုပ္ေရး၀န္ႀကီးဌာနက ဒီဇင္ဘာလ ၅ရက္ေန႔က ထုတ္ျပန္ေၾကာ္ျငာထားပါတယ္။

ဆန္ခါတင္အရည္အေသြး ျပည့္မီတ့ဲကုမၸဏီေတြက စီမံကိန္းနဲ႔ သက္ဆိုင္တ့ဲ အခ်က္အလက္ေတြ၊ မွတ္တမ္းေတြကုိ ရယူႏုိင္မွာျဖစ္ၿပီး တင္ဒါအႏုိင္ရရွိဖို႔ ဆက္လက္ပါဝင္ႏိုင္မွာျဖစ္ပါတယ္။ တင္ဒါအႏုိင္ရရွိပါက ေနာက္တစ္ဆင့္မွာ ႀကိဳတင္အရည္အေသြး ျပည့္မီသူေတြကို အဆုိျပဳေလွ်ာက္လႊာ (Request for Proposal) တင္သြင္းဖို႔ဖိတ္ေခၚၿပီး သေဘာတူညီမႈစာခ်ဳပ္ (Concession Agreement) ကို ထုတ္ျပန္ေပးသြားမွာ ျဖစ္ပါတယ္။

မိုးပ်ံအျမန္လမ္းစီမံကိန္းဟာ အစုိးရက ဦးစားေပး ေဆာင္ရြက္ေနတ့ဲ စီမံကိန္းတစ္ခုျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ ဆုိးရြားတ့ဲ ယာဥ္ေၾကာပိတ္ဆုိ႔မႈေတြကို ေလ်ာ့က်ဖို႔နဲ႔ ႏိုုင္ငံ့စီးပြားေရး၊ လူမႈေရး လုုပ္ငန္းေတြအတြက္ ဆက္သြယ္ေရး ပိုုမိုုေကာင္းမြန္လာေစမွာျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း (YEX) Phase-I အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီတဲ့ ကုမ္ပဏီ(၁၀)ခုကို ထုတ်ပြန်ကြေညာ

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းကာ Public Private Partnership (PPP) အစီအစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 ကိုစိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံတွေထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီတဲ့လျှောက်လွှာ (၁၂)စောင် ကိုဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ခံရရှိခဲ့ပါတယ်။

အဲ့ဒီတင်သွင်းလာတဲ့ ကုမ္ပဏီ(၁၂)ခု ထဲက ဆန်ခါတင် အရည်အသွေးပြည့်မီတဲ့ ကုမ္ပဏီ(၁၀)ခု အမည်စာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၅ရက်နေ့က ထုတ်ပြန်ကြော်ငြာထားပါတယ်။

ဆန်ခါတင်အရည်အသွေး ပြည့်မီတဲ့ကုမ္ပဏီတွေက စီမံကိန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ မှတ်တမ်းတွေကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိဖို့ ဆက်လက်ပါဝင်နိုင်မှာဖြစ်ပါတယ်။ တင်ဒါအနိုင်ရရှိပါက နောက်တစ်ဆင့်မှာ ကြိုတင်အရည်အသွေး ပြည့်မီသူတွေကို အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းဖို့ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) ကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးပျံအမြန်လမ်းစီမံကိန်းဟာ အစိုးရက ဦးစားပေး ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ရဲ့ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လျော့ကျဖို့နဲ့ နိုင်ငံ့စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

?bph6