
0
60




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

“ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာဥပဒေ” အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းမယ်

ကြက်ခြေနီအမှတ်အသားကို အလွဲသုံးခြင်းက ကာကွယ်နိုင်ဖို့ “ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင် ရာဥပဒေ”ကို မူကြမ်းရေးဆွဲပြီးဖြစ်တဲ့ အတွက် အတည်ပြုပြဋ္ဌာန်းနိုင်ရေး လွှတ်တော်တွေက ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး သဘင်ဆောင်မှာကျင်းပတဲ့ ကြက်ခြေနီ အသိပညာပြန့်ပွားရေး ဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော်နာယက ကပြောကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ”ကို (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၊ ၅၂/၂၀၁၅) နဲ့ လွှတ်တော်ကပြဋ္ဌာန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာမှ ထပ်မံဖြည့်စွက်ပြီး မြန်မာနိုင်ငံကြက် ခြေနီအသင်း ဥပဒေကိုပြင် ဆင်သည့် ဥပဒေ”ကို ပြင်ဆင်နိုင်ခဲ့ကြောင်း ဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်ရာ မှာလိုအပ်တဲ့နည်းဥပဒေက ကို သက်ဆိုင်ရာဝန်ကြီးဌာန က အမြန်ဆုံးဆောင်ရွက် သွားဖို့တိုက်တွန်းလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

?bph6