စပါးဈေး အနည်းငယ်ကောင်းပေမယ့် ဝယ်ယူသူမရှိတာကြောင့် အခက်အခဲ ဖြစ်နေ

0
66


ရခိုင်ပြည်နယ်အတွင်း ဒီနှစ်စပါးအသစ် စပေါ်တဲ့အချိန်မှာ အနည်းငယ်ဈေးကောင်းရရှိနေပေမယ့် ဝယ်ယူသူမရှိသလောက် နည်းပါးနေတာကြောင့် စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေကြရတာပါ။


စပါးဈေး အနည်းငယ်ကောင်းပေမယ့် ဝယ်ယူသူမရှိတာကြောင့် ရခိုင်ပြည်နယ်က စပါးစိုက်တောင်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိ်ုင်ပြည်နယ်အတွင်း ဒီနှစ်စပါးအသစ် စပေါ်တဲ့အချိန်မှာ အနည်းငယ်ဈေးကောင်းရရှိနေပေမယ့် ဝယ်ယူသူမရှိသလောက် နည်းပါးနေတာကြောင့် စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲကြုံတွေ့နေကြရတာပါ။

ပြီးခဲ့တဲ့လက စပါးတွေစတင်ရိတ်သိမ်းချိန်မှာတော့ သီရိဒုံ တောင်းတစ်ရာကို ငွေကျပ် ၁၈၀ဝ၀ဝ အထိရှိခဲ့ပြီး ပေါ်ဆန်းမွှေ တောင်းတစ်ရာကို ကျပ် ၄ သိန်းအထိ ဈေးပေါက်ခဲ့ပေမယ့် ဝယ်ယူသူမရှိတာကြောင့် စပါးဈေးတွေကျဆင်း နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

?bph6