ခုိးမႈသံသယနဲ႔ ဖမ္းဆီးရိုက္နွက္ခံရၿပီးေသဆုံးခဲ့တဲ့ အဌားယာဥ္ေမာင္း ကိစၥအျမန္ဆုံး အမႈမွန္ေပၚေပါက္ဖုိ႔ မိဘေတြေျပာ

0
117

အငွားယာဥ္ေမာင္း ေမာင္ေအာင္ေအာင္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၂ ရက္ေန႔က ခိုးမႈသံသယနဲ႔ ရန္ကုန္တုိင္း ေဒသႀကီး ေတာင္ပိုင္းခရိုင္ သန္လ်င္ၿမိဳ႕မရဲစခန္းရဲ႕ ဖမ္းဆီးစစ္ ေဆးရိုက္ႏွက္မႈ ကိုခံခဲ့ရတာျဖစ္ပါတယ္။ အဖမ္းခံရၿပီး ၁၄ ရက္အၾကာ စက္တင္ဘာ ၂၆ ရက္ေန႔မွာ ေမာင္ေအာင္ေအာင္ဟာ တရားရံုးထုတ္စဥ္ စစ္ေဆးေနတုန္းမွာ ပဲ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

အဲဒီလို ေမာင္ေအာင္ေအာင္ကြယ္လြန္ၿပီး ႏွစ္လေက်ာ္ၾကာတဲ့အထိ အမႈမွန္မေပၚေပါက္ေသးတဲ့ အတြက္ တာဝန္ရွိသူေတြ အေနနဲ႔ အမႈမွန္အျမန္ဆုံးေပၚနုိင္ဖုိ႔အတြက္ ေဆာင္ရြက္ေပးေစခ်င္တယ္လို႔ ေမာင္ေအာင္ ေအာင္ရဲ႕ အေဖ ျဖစ္သူ ဦးဆန္းဝင္း ကေျပာပါတယ္။

ျမန္မာႏုိင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္နဲ႔ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ တရားစီရင္ေရး၊ ဥပေဒစိုးမိုးေရးနဲ႔ တုိင္ၾကားစာေတြနဲ႔ အသနားခံစာမ်ားစိစစ္ေရးေကာ္မတီတို႔ကို တုိင္ၾကားမႈ ေတြျပဳလုပ္ခဲ့ ပါတယ္။ ဒီတုိင္ၾကားမႈနဲ႔ ပတ္သက္ၿပီး လူ႕အခြင့္အေရးေကာ္မရွင္က ႏိုဝင္ဘာ ၂၀ရက္ ေန႔ကစတင္ၿပီးစံု စမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့ပါတယ္။

ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ ႏွိပ္စက္ညွင္းပန္းစစ္ေဆးမႈေၾကာင့္ ေသဆံုးခဲ့ရတဲ့ အငွားယာဥ္ေမာင္းကိစၥမွာ တာဝန္ရိွသူ ရဲတပ္ဖြဲ႔ဝင္ေတြကို စစ္ေဆးေဖာ္ထုတ္ၿပီးလိုအပ္သလို အေရးယူေဆာင္ရြက္သင့္ေၾကာင္း ျမန္မာႏိုင္ငံ အမ်ဳိးသား လူ႔အခြင့္အေရးေကာ္မရွင္က သက္ဆုိင္ရာဝန္ႀကီးဌာနကို အၾကံျပဳစာေပး ပို႔ထားခဲ့ၿပီျဖစ္ေၾကာင္း ျမန္မာႏုိင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္ ကသတင္းထုတ္ျပန္ခဲ့ပါတယ္။

ေသဆုံးသူ ကုိေအာင္ေအာင္ဟာ အသက္ ၂၈ ႏွစ္အရြယ္ အဌားယာဥ္ေမာင္း တစ္ဦး ျဖစ္ၿပီး ဘတၳရီ ေပ်ာက္ဆုံးမႈမွာ ခုိးယူခဲ့သူ ၂ ဦးက သူရဲ႕ကားကုိဌားရမ္းခဲ့တာေၾကာင့္ အမႈမွာ ပါ၀င္ပက္သက္ တယ္ဟုဆုိၿပီး စက္တင္ဘာလ ၁၂ ရက္ေန႔ ညပုိင္းက ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး စက္တင္ဘာ ၂၆ ရက္ေန႔မွာ ရုံးထုတ္ရင္း ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အေရးယူ ေဆာင္ရြက္ထားရွိမႈေတြကိုလည္း ေသဆုံးသူ ကိုေအာင္ေအာင္ရဲ႕ မိသားစုေတြကုိ တာဝန္ရွိသူေတြက နားလည္သေဘာေပါက္ေအာင္ ရွင္းလင္းေျပာၾကား ေဆြးေႏြး ေဆာင္ရြက္သင့္ ေၾကာင္း၊ နဲ႔ ရဲစခန္းမွာ CCTV တပ္ဆင္ထားမႈစနစ္မွာ ေကာင္းမြန္တဲ့ စနစ္တစ္ခုျဖစ္ၿပီး ထိေရာက္စြာ အသုံးျပဳနိုင္ေရး ၾကပ္မတ္ေဆာင္ရြက္သင့္ေၾကာင္း၊ ေနာင္မွာ အခုကဲ့သုိ႔ မလိုလား အပ္တဲ့ျဖစ္ရပ္ေတြ မေပၚေပါက္ေစေရး သင္ခန္းစာ ယူေဖာ္ထုတ္ေဆာင္ရြက္သင့္ေၾကာင္း စတဲ့ အႀကံျပဳခ်က္ေတြေဖာ္ျပပါရွိတာျဖစ္ပါတယ္။

လက္ရွိ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႔ရံုးက ခရမ္းၿမိဳ႕မရဲ႕စခန္းကို ဒီအမႈကိုစစ္ေဆးဖို႔ တာဝန္ေပး အပ္ထားၿပီး လာမယ့္ဒီကေန႔မွာလည္း သန္လ်င္ရဲစခန္းတာဝန္ရွိသူေတြနဲ႔ ေမာင္ေအာင္ေအာင္ရဲ႕မိဘေတြကို စစ္ေဆးေန တာျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အငှားယာဉ်မောင်း မောင်အောင်အောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ခိုးမှုသံသယနဲ့ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့မရဲစခန်းရဲ့ ဖမ်းဆီးစစ် ဆေးရိုက်နှက်မှု ကိုခံခဲ့ရတာဖြစ်ပါတယ်။ အဖမ်းခံရပြီး ၁၄ ရက်အကြာ စက်တင်ဘာ ၂၆ ရက်နေ့မှာ မောင်အောင်အောင်ဟာ တရားရုံးထုတ်စဉ် စစ်ဆေးနေတုန်းမှာ ပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီလို မောင်အောင်အောင်ကွယ်လွန်ပြီး နှစ်လကျော်ကြာတဲ့အထိ အမှုမှန်မပေါ်ပေါက်သေးတဲ့ အတွက် တာဝန်ရှိသူတွေ အနေနဲ့ အမှုမှန်အမြန်ဆုံးပေါ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးစေချင်တယ်လို့ မောင်အောင် အောင်ရဲ့ အဖေ ဖြစ်သူ ဦးဆန်းဝင်း ကပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာတွေနဲ့ အသနားခံစာများစိစစ်ရေးကော်မတီတို့ကို တိုင်ကြားမှု တွေပြုလုပ်ခဲ့ ပါတယ်။ ဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာ ၂၀ရက် နေ့ကစတင်ပြီးစုံ စမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်ညှင်းပန်းစစ်ဆေးမှုကြောင့် သေဆုံးခဲ့ရတဲ့ အငှားယာဉ်မောင်းကိစ္စမှာ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးဖော်ထုတ်ပြီးလိုအပ်သလို အရေးယူဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က သက်ဆိုင်ရာဝန်ကြီးဌာနကို အကြံပြုစာပေး ပို့ထားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူ ကိုအောင်အောင်ဟာ အသက် ၂၈ နှစ်အရွယ် အဌားယာဉ်မောင်း တစ်ဦး ဖြစ်ပြီး ဘတ္ထရီ ပျောက်ဆုံးမှုမှာ ခိုးယူခဲ့သူ ၂ ဦးက သူရဲ့ကားကိုဌားရမ်းခဲ့တာကြောင့် အမှုမှာ ပါဝင်ပက်သက် တယ်ဟုဆိုပြီး စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာ ရုံးထုတ်ရင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အရေးယူ ဆောင်ရွက်ထားရှိမှုတွေကိုလည်း သေဆုံးသူ ကိုအောင်အောင်ရဲ့ မိသားစုတွေကို တာဝန်ရှိသူတွေက နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား ဆွေးနွေး ဆောင်ရွက်သင့် ကြောင်း၊ နဲ့ ရဲစခန်းမှာ CCTV တပ်ဆင်ထားမှုစနစ်မှာ ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်ပြီး ထိရောက်စွာ အသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း၊ နောင်မှာ အခုကဲ့သို့ မလိုလား အပ်တဲ့ဖြစ်ရပ်တွေ မပေါ်ပေါက်စေရေး သင်ခန်းစာ ယူဖော်ထုတ်ဆောင်ရွက်သင့်ကြောင်း စတဲ့ အကြံပြုချက်တွေဖော်ပြပါရှိတာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ခရမ်းမြို့မရဲ့စခန်းကို ဒီအမှုကိုစစ်ဆေးဖို့ တာဝန်ပေး အပ်ထားပြီး လာမယ့်ဒီကနေ့မှာလည်း သန်လျင်ရဲစခန်းတာဝန်ရှိသူတွေနဲ့ မောင်အောင်အောင်ရဲ့မိဘတွေကို စစ်ဆေးနေ တာဖြစ်ပါတယ်။

?bph6