လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လိုက်နာမှုအားနည်းလို့ ထိခိုက်မှုတွေရှိနေ

0
62




လုပ်သားတွေက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လိုက်နာမှုအားနည်းတာကြောင့် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပျက်စီးဆုံးရှုံးတွေရှိနေတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန် က ပေးပို့ထားပြီး MCNသတင်းထောက် ကိုသန့် ကတင်ဆက်ပေးထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းခွင်တွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပေးတာတွေ လုပ်ဆောင်တာရှိပေမယ့် လိုက်နာမှုအားနည်းတာကြောင့် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ပျက်စီးဆုံးရှုံးမှုတွေရှိနေပြီး လုပ်ငန်းရှင်တွေနဲ့ ကြီးကြပ်သူတွေက ဂရုစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချူပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ MeLia ဟိုတယ်မှာ ၂၀၁၉ ခုနှစ်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ညီလာခံ ပြုလုပ်ဖို့ရှိနေတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

?bph6