ေတာင္ကုတ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကုိ  ပို႔ေဆာင္မယ့္ ကၽြန္းသစ္ (၃.၆၂၈) တန္ ဖမ္းဆီးရမိ

0
71

ဒီဇင္ဘာလ ၃ ရက္ေန႔ နံနက္ပိုင္းက ရခိုင္ျပည္နယ္ သစ္ေတာ ဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးခင္ထြန္း ဦးစီးပူးေပါင္းအဖြဲ႕ဟာ ေတာင္ကုတ္ၿမိဳ႕နယ္၊ ကလိန္ေတာင္ေက်း႐ြာ အေနာက္ဘက္ ၃ မိုင္ခန္႔အကြာ၊ ကလိန္ေတာင္ျမစ္အတြင္းရွိ  ေရယာဥ္ပိုင္ရွင္ ကိုကိုးကၽြန္းၿမိဳ႕၊ (၂) ရပ္ကြက္ေန ေက်ာ္ႏိုင္သြင္ (၄၂) ႏွစ္ အမ္းၿမိဳ႕နယ္၊ မင္းတပ္ေက်း႐ြာေန ေဇာ္ဝင္းေဌး (၄၂) ႏွစ္နဲ႔ ေရလုပ္သား (၆) ဦး လိုက္ပါလာတဲ့ အလ်ား ၁၉ ေပ၊ အနံ ၁၈ ေပ၊ ေရစူး ၉ ေပခန္႔ရွိ A5 အမည္ပါ ေရယာဥ္ေပၚမွာ ကၽြန္း သစ္ဆိုဒ္စုံ (၈၈) ေခ်ာင္း (၃.၆၂၈) တန္ တို႔နဲ႔အတူ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

 

စစ္ေဆးခ်က္အရ သစ္ေတြကုိ ေတာင္ကုတ္ၿမိဳ႕နယ္၊ ေခ်ာင္းလုံးခြေက်း႐ြာကေန  ဘဂၤလား ေဒ့ရွ္ႏိုင္ငံကုိ ပို႔ေဆာင္ဖို႔အတြက္ သယ္ေဆာင္ လာျခင္းျဖစ္ေၾကာင္း သိရွိရတာေၾကာင့္ အေရးယူေပးဖုိ႔  တိုင္တန္းခ်က္အရ ေက်ာ္ႏိုင္သြင္ ပါ (၇) ဦးကုိ ေတာင္ကုတ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူ ထားေၾကာင္းသတင္းရရွိပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

တောင်ကုတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ပို့ဆောင်မယ့် ကျွန်းသစ် (၃.၆၂၈) တန် ဖမ်းဆီးရမိ

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ထွန်း ဦးစီးပူးပေါင်းအဖွဲ့ဟာ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာ အနောက်ဘက် ၃ မိုင်ခန့်အကွာ၊ ကလိန်တောင်မြစ်အတွင်းရှိ  ရေယာဉ်ပိုင်ရှင် ကိုကိုးကျွန်းမြို့၊ (၂) ရပ်ကွက်နေ ကျော်နိုင်သွင် (၄၂) နှစ် အမ်းမြို့နယ်၊ မင်းတပ်ကျေးရွာနေ ဇော်ဝင်းဌေး (၄၂) နှစ်နဲ့ ရေလုပ်သား (၆) ဦး လိုက်ပါလာတဲ့ အလျား ၁၉ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၉ ပေခန့်ရှိ A5 အမည်ပါ ရေယာဉ်ပေါ်မှာ ကျွန်း သစ်ဆိုဒ်စုံ (၈၈) ချောင်း (၃.၆၂၈) တန် တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် ။

စစ်ဆေးချက်အရ သစ်တွေကို တောင်ကုတ်မြို့နယ်၊ ချောင်းလုံးခွကျေးရွာကနေ  ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ပို့ဆောင်ဖို့အတွက် သယ်ဆောင် လာခြင်းဖြစ်ကြောင်း သိရှိရတာကြောင့် အရေးယူပေးဖို့  တိုင်တန်းချက်အရ ကျော်နိုင်သွင် ပါ (၇) ဦးကို တောင်ကုတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်းသတင်းရရှိပါတယ်။

?bph6