မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို သရုပ်ပြတင်ဆက်

0
101







မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို နိုင်ငံ ၉ နိုင်ငံက အနုပညာရှင်တွေက Performance သရုပ်ပြ တင်ဆက်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ပြဿနာတွေ အပါအဝင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သရုပ်ဖော်ပြသတဲ့ International Performance Art Festival 2018 ကို ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ Goethe Institute မှာ ပြုလုပ်ခဲ့ပါတယ်။

Soundbite – ဒါရိုက်တာ အေးကို (Artist)

ဒီပါဖော့မန့်တင်ဆက်မှုကို နိုင်ငံပေါင်း ၉ နိုင်ငံက အနုပညာရှင်တွေက တွေပါဝင်သရုပ်ပြ တင်ဆက်ခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးတွေကို Performance သရုပ်ပြ တင်ဆက်ခဲ့တာပါ။

Soundbite – ဒါရိုက်တာ အေးကို (Artist)

လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေကို ကမ္ဘာကို ချပြချင်တာကြောင့် International Performance Art Festival ပွဲကို New Zero Space အဖွဲ့ကဦးဆောင်ပြီး နိုင်ငံတကာကို နှစ်စဉ်ပြသနေတာဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်ခင်ဗျား။

?bph6