ျပည့္တန္ဆာဆုိင္ရာ ဥပေဒကုိ အသစ္ျပင္ဆင္ေရးဆြဲနုိင္ေရး အစည္းအေဝးေတြျပဳလုပ္ေန

0
72

ျပည့္တန္ဆာဆုိင္ရာ ဥပေဒကုိ အသစ္ျပင္ဆင္ေရးဆြဲနုိင္ဖို႔ အတြက္ အစည္းအေဝးေတြကုိ က်င္းပျပဳလုပ္ေနေၾကာင္း ျပည္သူ႕လႊတ္ေတာ္ ၊ျပည္သူ႔ေရးရာစီမံခန္႔ခြဲမႈ ေကာ္မတီက ျပည္သူ႔လႊတ္ေတာ္ကုိ တင္သြင္းတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

 


အဲဒီအစီရင္ခံစာကုိ ဒီဇင္ဘာလ ၅ရက္ေန႔က ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဒသမပုံမွန္ အစည္းအေဝး ဒသမေန႔ မွာတင္သြင္းခဲ့တာျဖစ္ပါတယ္။

အဲဒီအစီရင္ခံစာမွာ ေက္ာမတီအေနနဲ႔ ျပည့္တန္ဆာ ဆုိင္ရာ ဥပေဒကုိ အသစ္ျပင္ဆင္ေရးဆြဲနုိင္ဖို႔အတြက္ ျပည္ထဲေရး ဝန္ႀကီးဌာန ၊လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ၊ျပည္ေထာင္စုေရွ႕ေန ခ်ဳပ္ရုံး နဲ႔အရပ္ဖက္အဖြဲ႕အစည္းေတြ အစည္းအေ၀းေတြ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ၿပီး ေကာ္မတီမွာ ဆက္လက္ေဆာင္ရြက္ဆဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ၂၀၁၈ခုႏွစ္ ေလာင္းကစား ဥပေဒၾကမ္းကုိ ျပည္ေထာင္စုလႊတ္ေတ္ာ ဆုိင္ရာ နည္းဥပေဒ ၇၇ ၊နည္းဥပေဒ ခြဲ(စ) တို႔နဲ႔အညီ ေကာ္မတီအေနနဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ရုံးကုိ ေပးပို႔တင္ျပေဆာင္၇ြက္ခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ကေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္းအစီရင္ခံစာကေဖာ္ျပထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲနိုင်ရေး အစည်းအဝေးတွေပြုလုပ်နေ

ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲနိုင်ဖို့ အတွက် အစည်းအဝေးတွေကို ကျင်းပပြုလုပ်နေကြောင်း ပြည်သူ့လွှတ်တော် ၊ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီက ပြည်သူ့လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာကို ဒီဇင်ဘာလ ၅ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒသမနေ့ မှာတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာမှာ ကော်မတီအနေနဲ့ ပြည့်တန်ဆာ ဆိုင်ရာ ဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲနိုင်ဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုရှေ့နေ ချုပ်ရုံး နဲ့အရပ်ဖက်အဖွဲ့အစည်းတွေ အစည်းအဝေးတွေ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ကော်မတီမှာ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၈ခုနှစ် လောင်းကစား ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၇၇ ၊နည်းဥပဒေ ခွဲ(စ) တို့နဲ့အညီ ကော်မတီအနေနဲ့ ပြည်ထောင်စု လွှတ်တော်ရုံးကို ပေးပို့တင်ပြဆောင်၇ွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကဆောင်ရွက်နေဆဲဖြစ်ကြောင်းအစီရင်ခံစာကဖော်ပြထားပါတယ်။

?bph6