နစ္နာေၾကးမရတဲ႔ ေနအိမ္ၿဖိဳဖ်က္ခံရသူေတြ သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရုံးကို တိုင္ၾကားမယ္

0
62

နစ္နာေၾကးမရရွိတဲ႔ ေနအိမ္ၿဖိဳဖ်က္ခံရသူေတြက သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရုံးကို တင္ျပ တိုင္ၾကားသြားမယ္လို႔ ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရး အမွတ္ ၂ တံတား ခ်ဥ္းကပ္လမ္းကေန အာရွလမ္းေၾကာင္းအထိ လမ္းအူေၾကာင္းေဖါက္လုပ္ေရး ဧရိယာမွာ ပါဝင္ေနတဲ႔ ျမဝတီၿမိဳ႕ အမွတ္ ၅ ရပ္ကြက္က ေနအိမ္ ၆ လုံးကို ဒီဇင္ဘာလ ၂ ရက္ေန႔က ဘူဒိုဇာကားေတြနဲ႔ ၿဖိဳဖ်က္ခဲ႔ပါတယ္။

အဲဒီလို ၿဖိဳဖ်က္ခံရတဲ႔ အိမ္ပိုင္ရွင္ေတြက နစ္နာေၾကး မရရွိတဲ႔အတြက္ သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရုံးကို တင္ျပ တိုင္ၾကားသြားမယ္လို႔ ဒီဇင္ဘာလ ၅ ရက္ေန႔ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္၊ ဗိုလ္ခ်ဳိလမ္း ၿခံအမွတ္ ၅ မွာ သတင္းစာရွင္းလင္းခဲ႔တာပါ။

Soundbite ေဒၚမ်ိဳးမ်ိဳးေဆြ (ေနအိမ္ၿဖိဳဖ်က္ခံရသူ) ျမဝတီၿမိဳ႕၊ အမွတ္ ၅ ရပ္ကြက္

အဲဒီလို ၿဖိဳဖ်က္ခံရတဲ႔ ေနအိမ္ ၆ လုံးထဲက ေနအိမ္တစ္လုံးကို ႏိုင္ငံေတာ္ပိုင္ေျမအျဖစ္ သတ္မွတ္ထားတဲ႔အတြက္ နစ္နာသူက ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ထံ စာခၽြန္ေတာ္ တင္သြင္းထားတယ္လို႔ ေျပာပါတယ္။

Soundbite ေဒၚသန္းေအး (ေနအိမ္ၿဖိဳဖ်က္ခံရသူ) ျမဝတီၿမိဳ႕၊ အမွတ္ ၅ ရပ္ကြက္

ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရး အမွတ္ ၂ တံတား လမ္းအူေၾကာင္းကို သမၼတဦးသိန္းစိန္ လက္ထက္က ေနရာသတ္မွတ္ခဲ႔ၿပီး အခုလက္ရွိမွာ အဲဒီတံတား လမ္းအူေၾကာင္းကို ေဖါက္လုပ္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

နစ်နာကြေးမရရှိတဲ့ နေအိမ်ဖြိုဖျက်ခံရသူတွေက သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးကို တင်ပြ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် ၂ တံတား ချဉ်းကပ်လမ်းကနေ အာရှလမ်းကြောင်းအထိ လမ်းအူကြောင်းဖေါက်လုပ်ရေး ဧရိယာမှာ ပါဝင်နေတဲ့ မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က နေအိမ် ၆ လုံးကို ဒီဇင်ဘာလ ၂ ရက်နေ့က ဘူဒိုဇာကားတွေနဲ့ ဖြိုဖျက်ခဲ့ပါတယ်။

အဲဒီလို ဖြိုဖျက်ခံရတဲ့ အိမ်ပိုင်ရှင်တွေက နစ်နာကြေး မရရှိတဲ့အတွက် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးကို တင်ပြ တိုင်ကြားသွားမယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်ချိုလမ်း ခြံအမှတ် ၅ မှာ သတင်းစာရှင်းလင်းခဲ့တာပါ။

Soundbite ဒေါ်မျိုးမျိုးဆွေ (နေအိမ်ဖြိုဖျက်ခံရသူ) မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်

အဲဒီလို ဖြိုဖျက်ခံရတဲ့ နေအိမ် ၆ လုံးထဲက နေအိမ်တစ်လုံးကို နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် နစ်နာသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွင်းထားတယ်လို့ ပြောပါတယ်။

Soundbite ဒေါ်သန်းအေး (နေအိမ်ဖြိုဖျက်ခံရသူ) မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်

မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် ၂ တံတား လမ်းအူကြောင်းကို သမ္မတဦးသိန်းစိန် လက်ထက်က နေရာသတ်မှတ်ခဲ့ပြီး အခုလက်ရှိမှာ အဲဒီတံတား လမ်းအူကြောင်းကို ဖေါက်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6