ကာရီတပ္စ္ အင္တာေနရွင္နယ္ ဥကၠ႒ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကို သြားေရာက္

0
62

ကက္သလစ္ အလႈရွင္မ်ား အဖြဲ႔ျဖစ္တဲ့ ကာရီတပ္စ္ အင္တာေနရွင္နယ္ ဥကၠ႒ ကာဒီနယ္ တက္ဂေလဟာ ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းေတြကို သြားေရာက္ခဲ့ၿပီး ႏိုင္ငံတကာ အေနနဲ႔ မြတ္စလင္ ဒုကၡသည္ေတြကို ဆက္လက္ ကူညီဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕က အသက္ ၆၁ ႏွစ္အရြယ္ ကာဒီနယ္ ဘုန္းေတာ္ႀကီးျဖစ္တဲ့ လူးဝစ္ အန္တိုနီယို တက္ဂေလဟာ ဒုကၡသည္စခန္းေတြကို ဒီဇင္ဘာ ၃ ရက္ကစၿပီး ႏွစ္ရက္ၾကာ သြားေရာက္ ေလ့လာခဲ့တာ ျဖစ္ပါတယ္။ ခရီးစဥ္အတြင္း ဒုကၡသည္ မိသားစုေတြ၊ အကူအညီေပးေရး လုပ္သားေတြ၊ ကာရီတပ္စ္ ဝန္ထမ္းေတြ၊ ဘဂၤလားေဒ့ရွ္ အစိုးရ တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ကာဒီနယ္ တက္ဂေလဟာ ကူတူပါေလာင္ ဒုကၡသည္စခန္းရွိ ဒုကၡသည္ေတြ၊ စားနပ္ရိကၡာေပးေဝေရး စင္တာေတြ၊ ကေလးေတြအတြက္ ဖန္တီးေပးထားတဲ့ ကစားကြင္းနဲ႔ ကာရီတပ္စ္ အဖြဲ႔က ေဆာက္လုပ္ေပးထားတဲ့ အိမ္ေတြကို ေလ့လာခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ကာရီတပ်စ် အင်တာနေရှင်နယ် ဥက္ကဋ္ဌ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို သွားရောက်

ကက်သလစ် အလှုရှင်များ အဖွဲ့ဖြစ်တဲ့ ကာရီတပ်စ် အင်တာနေရှင်နယ် ဥက္ကဋ္ဌ ကာဒီနယ် တက်ဂလေဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး နိုင်ငံတကာ အနေနဲ့ မွတ်စလင် ဒုက္ခသည်တွေကို ဆက်လက် ကူညီဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က အသက် ၆၁ နှစ်အရွယ် ကာဒီနယ် ဘုန်းတော်ကြီးဖြစ်တဲ့ လူးဝစ် အန်တိုနီယို တက်ဂလေဟာ ဒုက္ခသည်စခန်းတွေကို ဒီဇင်ဘာ ၃ ရက်ကစပြီး နှစ်ရက်ကြာ သွားရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဒုက္ခသည် မိသားစုတွေ၊ အကူအညီပေးရေး လုပ်သားတွေ၊ ကာရီတပ်စ် ဝန်ထမ်းတွေ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကာဒီနယ် တက်ဂလေဟာ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်တွေ၊ စားနပ်ရိက္ခာပေးဝေရေး စင်တာတွေ၊ ကလေးတွေအတွက် ဖန်တီးပေးထားတဲ့ ကစားကွင်းနဲ့ ကာရီတပ်စ် အဖွဲ့က ဆောက်လုပ်ပေးထားတဲ့ အိမ်တွေကို လေ့လာခဲ့ပါတယ်။

?bph6