ေဒၚေအာင္ဆန္းစုၾကည္ အထီးက်န္ျဖစ္မႈကို တ႐ုတ္က အခြင့္အေရး ယူေန

0
120

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ဘဂၤါလီ မြတ္စလင္ ျပႆနာေတြေၾကာင့္ အေနာက္ႏိုင္ငံေတြက ျမန္မာကို ဖယ္က်ဥ္ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံက ရင္းႏွီးျမွဳပ္ႏွံမႈ အသစ္ေတြနဲ႔ အခြင့္အေရး အျပည့္အဝ ရယူေနတယ္လို႔ ေအးရွားတိုင္းမ္ သတင္းဌာနက သံုးသပ္ပါတယ္။

ေအးရွားတိုင္းမ္မွာ ေဖာ္ျပထားတဲ့ ျမန္မာ့အေရး ကြ်မ္းက်င္သူ ဝါရင့္ သတင္းစာဆရာ ဘာေတးလ္ လင့္တနာက “ေဒၚေအာင္ဆန္းစုၾကည္ အထီးက်န္ျဖစ္မႈကို တ႐ုတ္က အခြင့္အေရးရယူ” ဆိုတဲ့ ေခါင္းစဥ္နဲ႔ သံုးသပ္ေရးသားထားတာ ျဖစ္ပါတယ္။

သမၼတ ဦးသိန္းစိန္ လက္ထပ္မွာ ရပ္တန္႔ထားရတဲ့ တ႐ုတ္ စီမံကိန္းေတြကို စီးပြားေရး ျမွင့္တင္ဖို႔ ရင္းႏွီးျမွဳပ္ႏွံမႈ အသစ္ေတြ ရွာေဖြတဲ့အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္က ျပန္စတင္ဖို႔ ဆႏၵေတြ ရွိလာပံုရတယ္လို႔ ဘာေတးလ္ လင့္တနာက သံုးသပ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

ဒေါ်အောင်ဆန်းစုကြည် အထီးကျန်ဖြစ်မှုကို တရုတ်က အခွင့်အရေး ယူနေ

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဘင်္ဂါလီ မွတ်စလင် ပြဿနာတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာကို ဖယ်ကျဉ်နေချိန်မှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ အခွင့်အရေး အပြည့်အဝ ရယူနေတယ်လို့ အေးရှားတိုင်းမ် သတင်းဌာနက သုံးသပ်ပါတယ်။

အေးရှားတိုင်းမ်မှာ ဖော်ပြထားတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရင့် သတင်းစာဆရာ ဘာတေးလ် လင့်တနာက “ဒေါ်အောင်ဆန်းစုကြည် အထီးကျန်ဖြစ်မှုကို တရုတ်က အခွင့်အရေးရယူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သုံးသပ်ရေးသားထားတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထပ်မှာ ရပ်တန့်ထားရတဲ့ တရုတ် စီမံကိန်းတွေကို စီးပွားရေး မြှင့်တင်ဖို့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ရှာဖွေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြန်စတင်ဖို့ ဆန္ဒတွေ ရှိလာပုံရတယ်လို့ ဘာတေးလ် လင့်တနာက သုံးသပ်ပါတယ်။

?bph6