ဝန္ႀကီး သူရဦးေအာင္ကိုရဲ႕ ဘဂၤါလီဆိုင္ရာ မွတ္ခ်က္ ဘဂၤလားေဒ့ရွ္ ကန္႔ကြက္

0
54

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုရဲ႕ ဘဂၤါလီ မြတ္စလင္ဆိုင္ရာ မွတ္ခ်က္နဲ႔ ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ အစိုးရက ျမန္မာသံအမတ္ႀကီးကို ဆင့္ေခၚၿပီး တာဝန္မဲ့တဲ့ မွတ္ခ်က္အျဖစ္ ကန္႔ကြက္လိုက္ပါတယ္။

 

ဒုကၡသည္စခန္းေတြမွာ ဘဂၤါလီလူငယ္ေတြကို ႐ိုက္သြင္းထားတဲ့ စိတ္ဓာတ္တစ္ခုက အနာဂတ္မွာ ျမန္မာႏိုင္ငံကို ခ်ီတက္ဖို႔ ျဖစ္တယ္လို႔ ဝန္ႀကီး သူရဦးေအာင္ကိုက ဒီဇင္ဘာလ ၄ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ ၂၀၁၈ ခုႏွစ္ ပညာေရးဖြံ႔ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲအၿပီးမွာ သတင္းမီဒီယာေတြကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဝန္ႀကီးရဲ႕ လံႈ႔ေဆာ္တဲ့ မွတ္ခ်က္ေတြကို ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း၊ မြတ္စလင္ေတြရဲ႕ သေဘာထားကိုလည္း ထိခိုက္ေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အဆင့္ျမင့္ အရာရွိတစ္ဦးက ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဝန်ကြီး သူရဦးအောင်ကိုရဲ့ ဘင်္ဂါလီဆိုင်ရာ မှတ်ချက် ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ ဘင်္ဂါလီ မွတ်စလင်ဆိုင်ရာ မှတ်ချက်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး တာဝန်မဲ့တဲ့ မှတ်ချက်အဖြစ် ကန့်ကွက်လိုက်ပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ဘင်္ဂါလီလူငယ်တွေကို ရိုက်သွင်းထားတဲ့ စိတ်ဓာတ်တစ်ခုက အနာဂတ်မှာ မြန်မာနိုင်ငံကို ချီတက်ဖို့ ဖြစ်တယ်လို့ ဝန်ကြီး သူရဦးအောင်ကိုက ဒီဇင်ဘာလ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအပြီးမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးရဲ့ လှုံ့ဆော်တဲ့ မှတ်ချက်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ မွတ်စလင်တွေရဲ့ သဘောထားကိုလည်း ထိခိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

?bph6