ေျမာက္ဦးဗိသုကာလက္ရာေတြကို ေရးဆြဲထားတဲ့ ပန္းခ်ီျပပြဲျပဳလုပ္

0
80

ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္အျဖစ္ အသိအမွတ္ျပဳျခင္းကို ႀကိဳဆိုတဲ့အေနနဲ႔ ေျမာက္ဦးဗိသုကာလက္ရာ ေတြကိုေရးဆြဲထားတဲ့ ပန္းခ်ီျပပြဲျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ယဥ္ေက်းမႈ အေမြအႏွစ္ေတြ စုစည္းတည္ရွိေနတဲ့ ေရွးေဟာင္းၿမိဳ႕ေတာ္တစ္ခုျဖစ္တဲ့ ေျမာက္ဦးၿမိဳ႕ကို ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းမွာ ထည့္သြင္းၿပီးအသိအမွတ္ျပဳလာႏုိင္ေရးအတြက္ ႀကိဳးစားေဆာင္ရြက္ေနၾကတာျဖစ္ပါတယ္။

လက္ရွိမွာ ေျမာက္ဦးၿမိဳ႕မွာတည္ရွိတဲ့ ရခုိင္သမိုင္းရဲ႕အေစာဆံုးေက်ာက္စာတစ္ခ်ပ္ျဖစ္သလို အေရွ႕ေတာင္အာရွမွာ အေစာဆံုးေရးထိုးခဲ့တဲ့ ေဝသာလီေခတ္ အႏၵစျႏၵမင္းေက်ာက္စာကို ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းထဲမွာ ထည့္သြင္းဖုိ႔ျပင္ဆင္ေနတဲ့အေပၚ ႀကိဳဆိုဂုဏ္ျပဳတဲ့အေနနဲ႔ ေျမာက္ဦးရဲ႕ ဗိသုကာလက္ရာေတြကို ေရးဆြဲထားတဲ့ အသဲႏွလံုးထဲက ေျမာက္ဦးပန္းခ်ီျပပြဲကို လာမယ့္ ၂၀၁၉ ခု ဇန္နဝါရီအတြင္းမွာ က်င္းပျပဳလုပ္သြားဖုိ႔ရွိေနပါတယ္။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းကို ကြိုဆိုတဲ့အနေနဲ့ မြောက်ဦးဗိသုကာလက်ရာ တွေကိုရေးဆွဲထားတဲ့ ပန်းချီပြပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ယဉ်ကျေးမှု အမွေအနှစ်တွေ စုစည်းတည်ရှိနေတဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ထည့်သွင်းပြီးအသိအမှတ်ပြုလာနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာ မြောက်ဦးမြို့မှာတည်ရှိတဲ့ ရခိုင်သမိုင်းရဲ့အစောဆုံးကျောက်စာတစ်ချပ်ဖြစ်သလို အရှေ့တောင်အာရှမှာ အစောဆုံးရေးထိုးခဲ့တဲ့ ဝေသာလီခေတ် အန္ဒစန္ဒြမင်းကျောက်စာကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းဖို့ပြင်ဆင်နေတဲ့အပေါ် ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြောက်ဦးရဲ့ ဗိသုကာလက်ရာတွေကို ရေးဆွဲထားတဲ့ အသဲနှလုံးထဲက မြောက်ဦးပန်းချီပြပွဲကို လာမယ့် ၂၀၁၉ ခု ဇန်နဝါရီအတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ရှိနေပါတယ်။

?bph6