ရခိုင္ျပည္နယ္ဆိုင္ရာ ေကာ္မတီနဲ႔ ကုလသမဂၢ ေအဂ်င္စီေတြ ေတြ႔ဆံုေဆြးေႏြး

0
688

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရးေကာ္မတီနဲ႔ ကုလသမဂၢ အဖြဲ႔အစည္းေတြ၊ မိတ္ဖက္အဖြဲ႔အစည္းေတြ မေန႔က ဒီဇင္ဘာလ ၄ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကပါတယ္။

အႀကံျပဳခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ႏိုင္ငံတကာနဲ႔ ျပည္တြင္းပညာရွင္ေတြ ပါဝင္ၿပီး အေကာင္းဆုံး ေဆာင္ရြက္ေနတဲ့အတြက္ တိုးတက္မႈေတြ ရွိေၾကာင္း၊ လက္ေတြ႔အေကာင္အထည္ ေဖာ္ေဆာင္ရြက္ရာမွာ ထိေရာက္စြာ ေဆာင္ရြက္ဖို႔၊ တရားဥပေဒ စိုးမိုးေရးတို႔အတြက္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတဲ့ သက္ဆိုင္ရာ ဝန္ထမ္းေတြကို အသိေပးတာ၊ အေရးယူတာေတြကိုလည္း ေဆာင္ရြက္ေနေၾကာင္း ရခိုင္ျပည္နယ္ ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။

ႏိုင္ငံသား ျဖစ္ခြင့္နဲ႔ လြတ္လပ္စြာ လႈပ္ရွားသြားလာခြင့္တို႔ကို ႏိုင္ငံေတာ္ရဲ႕ တည္ဆဲဥပေဒေတြနဲ႔အညီ ခြဲျခားဆက္ဆံမႈ မရွိဘဲ ေဆာင္ရြက္ေနေၾကာင္း၊ အခ်ဳပ္အျခာႏိုင္ငံတိုင္းမွာ ထုတ္ျပန္ထားတဲ့ ဥပေဒေတြ၊ နည္းဥပေဒေတြကို ေလးစားလိုက္နာက်င့္သုံးဖို႔ လိုအပ္ေၾကာင္းလည္း ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာသြားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတကာနဲ့ ပြည်တွင်းပညာရှင်တွေ ပါဝင်ပြီး အကောင်းဆုံး ဆောင်ရွက်နေတဲ့အတွက် တိုးတက်မှုတွေ ရှိကြောင်း၊ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ ထိရောက်စွာ ဆောင်ရွက်ဖို့၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို အသိပေးတာ၊ အရေးယူတာတွေကိုလည်း ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နိုင်ငံသား ဖြစ်ခွင့်နဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တို့ကို နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ခွဲခြားဆက်ဆံမှု မရှိဘဲ ဆောင်ရွက်နေကြောင်း၊ အချုပ်အခြာနိုင်ငံတိုင်းမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာကျင့်သုံးဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသွားပါတယ်။