လႈိက္စားေနတဲ့ အဂတိ လုိက္စားမႈေတြကုိ စနစ္တက် တိုက္ဖ်က္မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

0
102

ျပည္သူေတြရဲ႕ ဖြံ႔ၿဖိဳးတုိးတက္ေရးကုိ ေႏွာင္ေ့ႏွးေစၿပီး ႏိုင္ငံဂုဏ္သိကၡာကုိ ထိခုိက္ေနတဲ့ လူ႔အဖြဲ႕အစည္းအတြင္း လိႈက္စားေနတဲ့ အဂတိလုိက္စားမႈေတြကုိ နုိင္ငံေတာ္ အစုိးရအေနနဲ႔ စနစ္တက် တိုက္ဖ်က္သြားဖုိ႔ ေဆာင္ရြက္ေနေၾကာင္း ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလုိက္ပါတယ္။

ဒီဇင္ဘာလ ၄ ရက္ေန႔က ေနျပည္ေတာ္ရွိ အျပည္ျပည္ဆုိင္ရာ ကြန္ဗင္းရွင္းဗဟုိဌာနမွာ ျပဳလုပ္တဲ့ ၂၀၁၈ ခုႏွစ္ ပညာေရးဖြံ႔ၿဖိဳးတုိးတက္မႈ အေကာင္အထည္ ေဖာ္ေဆာင္ေရး ႏွီးေႏွာဖလွယ္ပြဲ (အေျခခံပညာက႑) အခမ္းအနားမွာ အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ စာရိတၱမ႑ဳိင္ ခုိင္မာေအာင္ တည္ေဆာက္နုိင္ဖို႔ ကေလးဘဝကတည္းကစၿပီး ေလ့က်င့္ပ်ဳိးေထာင္ေပးဖို႔ လုိအပ္ေၾကာင္း၊ ႏိုင္ငံနဲ႔လူမ်ုိး ဂုဏ္သိကၡာ တုိးတက္မႈအတြက္ အဂတိလုိက္စားမႈ ကင္းစင္ျခင္းနဲ႔ တန္ဖုိးကုိ နားလည္ေစဖုိ႔ အေျခခံပညာေက်ာင္းေတြမွာ သင္ၾကားေပးဖုိ႔ အေရးႀကီးေၾကာင္း နုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

လှိုက်စားနေတဲ့ အဂတိ လိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောငေ့်နှးစေပြီး နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်နေတဲ့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို နိုင်ငံတော် အစိုးရအနေနဲ့ စနစ်တကျ တိုက်ဖျက်သွားဖို့ ဆောင်ရွက်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ပြုလုပ်တဲ့ ၂၀၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စာရိတ္တမဏ္ဍိုင် ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကလေးဘဝကတည်းကစပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ကြောင်း၊ နိုင်ငံနဲ့လူမျိုး ဂုဏ်သိက္ခာ တိုးတက်မှုအတွက် အဂတိလိုက်စားမှု ကင်းစင်ခြင်းနဲ့ တန်ဖိုးကို နားလည်စေဖို့ အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးဖို့ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

?bph6