ျမန္မာနဲ႔ ကေမာၻဒီးယား ဆန္တင္သြင္းမႈ အခြန္ကင္းလြတ္ခြင့္ ပယ္ဖ်က္ေရး EC မဆံုးျဖတ္ႏိုင္ေသး

0
89

ျမန္မာနဲ႔ ကေမာၻဒီးယား ႏိုင္ငံက ဆန္ေတြတင္ပို႔မႈအေပၚ လာမယ့္ႏွစ္ကစၿပီး အခြန္ကင္းလြတ္ခြင့္ ပယ္ဖ်က္ေရးနဲ႔ ပတ္သက္လို႔ မေန႔က ဒီဇင္ဘာလ ၄ ရက္ေန႔မွာ ဆံုးျဖတ္ႏိုင္ျခင္း မရွိတဲ့အတြက္ ဥေရာပ ေကာ္မရွင္ (EC) က အၿပီးသတ္ ဆံုးျဖတ္ခ်က္ မခ်ဘဲ ခ်န္လွပ္ခဲ့ပါတယ္။

 

ဥေရာပ သမဂၢ အဖြဲ႔ဝင္ ၂၈ ႏိုင္ငံအတြက္ ကုန္သြယ္ေရး မူဝါဒကို ႀကီးၾကပ္ရတဲ့ ဥေရာပ ေကာ္မရွင္က ဆန္တင္သြင္းမႈမွာ ျမန္မာနဲ႔ ကေမာၻဒီးယားကို ကုန္သြယ္ခြန္ ကင္းလြတ္ခြင့္ ေပးထားမႈနဲ႔ ပတ္သက္လို႔ မဲခြဲဆံုးျဖတ္ေရး အဆိုျပဳခဲ့ေပမယ့္ အဖြဲ႔ဝင္ ႏိုင္ငံေတြဆီက ေထာက္ခံမဲ အျပည့္မရဘဲ ျဖစ္ခဲ့ပါတယ္။

ျမန္မာနဲ႔ ကေမာၻဒီးယားဟာ ဥေရာပ သမဂၢ အဖြဲ႔ဝင္ ႏိုင္ငံေတြဆီ လက္နက္ခဲယမ္းက လြဲလို႔ ဘယ္ကုန္ပစၥည္းမဆို အခြန္ကင္းလြတ္ခြင့္ရတဲ့ ကုန္သြယ္ေရး အထူးအခြင့္အေရး ရရွိထားပါတယ္။ ျမန္မာႏိုင္ငံမွာ ဘဂၤါလီ မြတ္စလင္ အေရးအပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္၊ ကေမာၻဒီးယားမွာ ေရြးေကာက္ပြဲကို အတိုက္အခံပါတီေတြ ဝင္မၿပိဳင္ႏိုင္ေအာင္ လုပ္ေဆာင္မႈေတြေၾကာင့္ ဥေရာပ သမဂၢက ကုန္သြယ္ေရး အထူးအခြင့္အေရးေတြကို ႐ုပ္သိမ္းဖို႔ စဥ္းစားေနတာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

မြန်မာနဲ့ ကမ္ဘောဒီးယား ဆန်တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် ပယ်ဖျက်ရေး EC မဆုံးဖြတ်နိုင်သေး
မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံက ဆန်တွေတင်ပို့မှုအပေါ် လာမယ့်နှစ်ကစပြီး အခွန်ကင်းလွတ်ခွင့် ပယ်ဖျက်ရေးနဲ့ ပတ်သက်လို့ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဆုံးဖြတ်နိုင်ခြင်း မရှိတဲ့အတွက် ဥရောပ ကော်မရှင် (EC) က အပြီးသတ် ဆုံးဖြတ်ချက် မချဘဲ ချန်လှပ်ခဲ့ပါတယ်။
ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံအတွက် ကုန်သွယ်ရေး မူဝါဒကို ကြီးကြပ်ရတဲ့ ဥရောပ ကော်မရှင်က ဆန်တင်သွင်းမှုမှာ မြန်မာနဲ့ ကမ္ဘောဒီးယားကို ကုန်သွယ်ခွန် ကင်းလွတ်ခွင့် ပေးထားမှုနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ရေး အဆိုပြုခဲ့ပေမယ့် အဖွဲ့ဝင် နိုင်ငံတွေဆီက ထောက်ခံမဲ အပြည့်မရဘဲ ဖြစ်ခဲ့ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဆီ လက်နက်ခဲယမ်းက လွဲလို့ ဘယ်ကုန်ပစ္စည်းမဆို အခွန်ကင်းလွတ်ခွင့်ရတဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေး ရရှိထားပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်စလင် အရေးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်၊ ကမ္ဘောဒီးယားမှာ ရွေးကောက်ပွဲကို အတိုက်အခံပါတီတွေ ဝင်မပြိုင်နိုင်အောင် လုပ်ဆောင်မှုတွေကြောင့် ဥရောပ သမဂ္ဂက ကုန်သွယ်ရေး အထူးအခွင့်အရေးတွေကို ရုပ်သိမ်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

?bph6