ေလွစီး ဘဂၤါလီ ၂၀ အင္ဒိုနီးရွားကို ေရာက္ရွိ

0
400

ျမန္မာႏိုင္ငံက ထြက္ေျပးလာတဲ့ ဘဂၤါလီ မြတ္စလင္ေတြလို႔ ယူဆရသူ ၂၀ ဦးဟာ မေန႔က ဒီဇင္ဘာလ ၄ ရက္ေန႔မွာ အင္ဒိုနီးရွားႏိုင္ငံကို ဆိုက္ေရာက္လာတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

သူတို႔ဟာ ဆုမၾတားကြ်န္းရွိ အာေခ်းျပည္နယ္ကမ္းေျခကို သစ္သားေလွ အေဟာင္းနဲ႔ ေရာက္လာတာျဖစ္ၿပီး ဘဂၤါလီ မြတ္စလင္ေတြလို႔ ယူဆေၾကာင္း အင္ဒိုနီးရွား အရာရွိေတြက ေျပာပါတယ္။ သူတို႔ဟာ အင္ဒိုနီးရွား စကား၊ အာေခ်း စကား၊ အဂၤလိပ္စကား တစ္ခုမွ မေျပာတတ္တာေၾကာင့္ ေမးျမန္းေျပာဆိုလို႔ မရေၾကာင္း၊ ဒါေၾကာင့္ သူတို႔အေၾကာင္း ခုထိ ဘာမွ မသိရေသးေၾကာင္း သူတို႔ဆိုက္ေရာက္လာတဲ့ အီဒီ ေရးယက္ ဒိစႀတိတ္ အႀကီးအကဲ အစၥဝမ္ဒီက ေျပာပါတယ္။

ကူညီကယ္ဆယ္ေရး အရာရွိျဖစ္သူ ေဆယာရီယယ္က ေလွစီးၿပီး ေရာက္လာသူေတြဟာ အသက္ ၁၄ ႏွစ္နဲ႔ ၂၈ ႏွစ္ၾကား ရွိေၾကာင္း၊ ၁၅ ရက္ၾကာ ပင္လယ္ကို ျဖတ္လာၿပီးေနာက္ အစာငတ္မြတ္မႈနဲ႔ ေရဓာတ္ခမ္းေျခာက္မႈေၾကာင့္ အားနည္းေနေၾကာင္း ေျပာပါတယ္။ လတ္တေလာမွာ သူတို႔ကို အင္ဒိုနီးရွား အာေခ်း အေရွ႕ပိုင္းရွိ ေရတပ္ပိုင္ အေဆာက္အအံုတစ္ခုမွာ ပို႔ေဆာင္ထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>

လှေစီး ဘင်္ဂါလီ ၂၀ အင်ဒိုနီးရှားကို ရောက်ရှိ
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဘင်္ဂါလီ မွတ်စလင်တွေလို့ ယူဆရသူ ၂၀ ဦးဟာ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံကို ဆိုက်ရောက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သူတို့ဟာ ဆုမတြားကျွန်းရှိ အာချေးပြည်နယ်ကမ်းခြေကို သစ်သားလှေ အဟောင်းနဲ့ ရောက်လာတာဖြစ်ပြီး ဘင်္ဂါလီ မွတ်စလင်တွေလို့ ယူဆကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။ သူတို့ဟာ အင်ဒိုနီးရှား စကား၊ အာချေး စကား၊ အင်္ဂလိပ်စကား တစ်ခုမှ မပြောတတ်တာကြောင့် မေးမြန်းပြောဆိုလို့ မရကြောင်း၊ ဒါကြောင့် သူတို့အကြောင်း ခုထိ ဘာမှ မသိရသေးကြောင်း သူတို့ဆိုက်ရောက်လာတဲ့ အီဒီ ရေးယက် ဒိစတြိတ် အကြီးအကဲ အစ္စဝမ်ဒီက ပြောပါတယ်။
ကူညီကယ်ဆယ်ရေး အရာရှိဖြစ်သူ ဆေယာရီယယ်က လှေစီးပြီး ရောက်လာသူတွေဟာ အသက် ၁၄ နှစ်နဲ့ ၂၈ နှစ်ကြား ရှိကြောင်း၊ ၁၅ ရက်ကြာ ပင်လယ်ကို ဖြတ်လာပြီးနောက် အစာငတ်မွတ်မှုနဲ့ ရေဓာတ်ခမ်းခြောက်မှုကြောင့် အားနည်းနေကြောင်း ပြောပါတယ်။ လတ်တလောမှာ သူတို့ကို အင်ဒိုနီးရှား အာချေး အရှေ့ပိုင်းရှိ ရေတပ်ပိုင် အဆောက်အအုံတစ်ခုမှာ ပို့ဆောင်ထားပါတယ်။