အိႏၵိယသမၼတ ျမန္မာႏိုင္ငံကို ေလးရက္ၾကာ အလည္အပတ္ လာမယ္

0
650

အိႏၵိယ သမၼတ ရမ္ နတ္သ္ ကိုဗင္ဟာ ျမန္မာႏိုင္ငံကို ဒီဇင္ဘာ ၁၀ ရက္ကေန ၁၄ ရက္အထိ ေလးရက္ၾကာ အလည္အပတ္ လာေရာက္မယ္လို႔ အိႏၵိယအစိုးရက တရားဝင္ ေၾကညာလိုက္ပါတယ္။

အိႏၵိယ သမၼတဟာ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးမွာ ျဖစ္ပါတယ္။ အလည္အပတ္ ခရီးစဥ္အတြင္း သေဘာတူညီခ်က္ အမ်ားအျပားကိုလည္း လက္မွတ္ေရးထိုးမွာ ျဖစ္ေၾကာင္း အိႏၵိယ ျပည္ပေရးရာ ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မႏွစ္တုန္းက အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရိန္ဒရာ မိုဒီ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ၿပီး ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း ဒီႏွစ္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာ အိႏၵိယ-အာဆီယံ ထိပ္သီးအစည္းအေဝး တက္ရင္း အိႏၵိယကို သြားေရာက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ သံုးႏွစ္အတြင္း အိႏၵိယနဲ႔ ျမန္မာႏိုင္ငံတို႔ဟာ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ ကာကြယ္ေရးက႑ေတြမွာ ပူးေပါင္းေဆာင္ရြက္မႈေတြ ပိုမိုလုပ္ေဆာင္ခဲ့ၿပီး ႏွစ္ႏိုင္ငံ တပ္မေတာ္ေတြလည္း အျပန္အလွန္ လည္ပတ္မႈနဲ႔ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယသမ္မတ မြန်မာနိုင်ငံကို လေးရက်ကြာ အလည်အပတ် လာမယ်

အိန္ဒိယ သမ္မတ ရမ် နတ်သ် ကိုဗင်ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်အထိ လေးရက်ကြာ အလည်အပတ် လာရောက်မယ်လို့ အိန္ဒိယအစိုးရက တရားဝင် ကြေညာလိုက်ပါတယ်။

အိန္ဒိယ သမ္မတဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီချက် အများအပြားကိုလည်း လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနှစ်တုန်းက အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီနှစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရင်း အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်တွေလည်း အပြန်အလှန် လည်ပတ်မှုနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။