လူငယ်တွေ အမှတ်တရားထုတ်ဖော်ခွင့် ခက်ခဲလာ

0
94




လူငယ်တွေ အမှန်တရားကို ထုတ်ဖော်ပြောဖို့ ခက်ခဲလာတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေး ပို့ထားပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ နစ်နာမှုတွေကို ထုတ်ဖော်ပြောဆိုတာ၊ သူတစ်ပါးအပေါ် နိုင်ထက်စီးနင်းပြုတာနဲ့ အမှန်တကယ် မျှတမှုမရှိဘူးလို့ ထင်တဲ့အကြောင်းအရာတွေကို အများဆုံး ဝေဖန်ထောက်ပြသူတွေဟာ လူငယ်တွေ ဖြစ်ပါတယ်။

အဲဒါကြောင့် နိုင်ငံရဲ့ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေကို ဝေဖန်ထောက်ပြပေးနေတဲ့ လူငယ်အများစုကို ဖမ်းဆီးမှုတွေနဲ့ ကန့်သတ်ထိန်းချုပ်ထားတာတွေ မလုပ်ဘဲ လွတ်လပ်စွာပြောဆိုနိုင်ဖို့ အစိုးရက အားပေးအားမြှောက် လုပ်မှသာ မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံကို သွားနိုင်မှာ ဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

?bph6