လူငယ်တွေ ခေါင်းဆောင်မှုသင်တန်းပေးနိုင်ဖို့ စစ်တွေမှာ ဆွေးနွေး
0
140
ရခိုင်ပြည်နယ်က လူငယ်တွေကို အရည်အသွေးတွေမြှင့်တင်နိုင်ရေးအတွက် စခန်းသွင်းသင်တန်းတွေ ပေးနိုင်ဖို့ စစ်တွေမြို့မှာ ဒီဇင်ဘာလ ၃ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။
လူငယ့်အဝိုင်းအဝန်း (Youth Circle)
လူငယ့်အဝိုင်းအဝန်း (Youth Circle)
ရခိုင်ပြည်နယ်က လူငယ်တွေကို လူမှုဘဝဖွံ့ဖြိုးရေး၊ ခေါင်းဆောင်မှု၊ ငြိမ်းချမ်းရေး စတဲ့ အရည်သွေးမြှင့်တင်တဲ့ သင်တန်းတွေ ပေးနိုင်ဖို့ စစ်တွေမြို့မှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိ်ုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။
ရခိ်ုင်ပြည်နယ်က လူငယ်တွေကို အရည်အသွေးတွေမြှင့်တင်နိုင်ရေးအတွက် စခန်းသွင်းသင်တန်းတွေ ပေးနိုင်ဖို့ စစ်တွေမြို့မှာ ဒီဇင်ဘာလ ၃ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။
အဲဒီ စခန်းသွင်းသင်တန်းတွေဟာ အနည်းဆုံးလူငယ် ၂၀ဝ လောက်ကို လူမှုဘဝဖွံ့ဖြိုးရေး၊ ခေါင်းဆောင်မှု၊ ငြိမ်းချမ်းရေး၊ လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေနဲ့ တခြားအရည်အသွေးမြှင့်တင်တဲ့ အပိုင်းတွေကို သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။
အင်တာဗျူး – ဦးစောထွန်းထွန်း (ဒါရိုက်တာ)
လူငယ့်အဝိ်ုင်းအဝန်း (Youth Circle)
ဒါ့အပြင် အခုဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ အချက်တွေကို အခြေခံပြီး သတင်တန်းတွေကို မကြာခင်ဖွင့်လှစ်ပေးသွားမှာဖြစ်သလို တရားဝင်ဖွင့်လှစ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ စိတ်ပါဝင်စားတဲ့ လူငယ်တွေလည်း တက်ရောက်ဆွေနွေးခဲ့ကြပါတယ်။
အင်တာဗျူး – ဦးစောထွန်းထွန်း (ဒါရိုက်တာ)
လူငယ့်အဝိ်ုင်းအဝန်း (Youth Circle)
အခုလို လူငယ်စခန်းသွင်းသင်တန်းတွေကို တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်ပေးနေတာတွေရှိသလို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နာဂဒေသတွေမှာ ပြုလုပ်ခဲ့ပြီးဖြစ်တယ်ခင်ဗျား။
?bph6