
0
94




 

<>>>>>>>>>>>>>>>>>>>>>>>

 

ကျန်းမာရေး မြှင့်တင်နိုင်ဖို့ အလှူရှင် လေးနိုင်ငံက ဒေါ်လာ ၂၁၅ သန်း ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ ခက်ခဲတဲ့ဒေသက အလိုအပ်ဆုံး ဖြစ်နေတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး မြှင့်တင်နိုင်ဖို့ အလှူရှင် လေးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နဲ့ ဆွစ်ဇာလန်တို့က အမေရိကန် ဒေါ်လာ ၂၁၅ သန်း ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။

ကူညီထောက်ပံ့မယ့် ငွေတွေကို စီမံကိန်း ဝန်ဆောင်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNOPS) အောက်မှာရှိတဲ့ Access to Health Fund ကတစ်ဆင့် ပေးမှာ ဖြစ်ပါတယ်။ မြန်မာ့ကျန်းမာရေး ကဏ္ဍဟာ ဆက်လက် တိုးတက်မှုတွေ ရှိပေမယ့် အညီအမျှ တိုးတက်မှုဖြစ်ဖို့တော့ လိုအပ်နေပါသေးတယ်။

ပဋိပက္ခဖြစ်ပွားတဲ့ ဒေသနဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေက လူတွေဟာ ကျန်မာရေးစောင့်ရှောက်မှု အလုံအလောက် မရကြပါဘူး။ Access to Health Fund က ကျန်းမာရေးကဏ္ဍအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်အထိ စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။

?bph6