လူငယ္အမ်ားစု မူးယစ္ေဆးအေၾကာသြင္းတာ၊ လိင္အေပ်ာ္လိုက္စားတာေတြက HIV ကူးစက္ခံရ

0
431

ျမန္မာႏိုင္ငံက လူငယ္အမ်ားစုဟာ မူးယစ္ေဆး၀ါးအေၾကာထဲသြင္းတာေတြ၊ လိင္တူလိင္ကြဲအေပ်ာ္အပါး လိုက္စားေတြကေန HIV ဗိုင္းရပ္စ္ အမ်ားဆုံး ကူးစက္ခံရတာျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

လူငယ္အမ်ားစုဟာ လိင္တူလိင္ကြဲ အကာအကြယ္မ့ဲ လိင္ဆက္ဆံတာေတြ မူးယစ္ေဆးကို အေၾကာထဲသြင္းရမွာ အသုံးျပဳတ့ဲအပ္ကို မွ်ေ၀သုံးစြဲတာေတြကေန HIV ဗိုင္းရပ္စ္ အမ်ားဆုံး ကူးစက္ခံရတာျဖစ္တယ္လို႔ ခုခံက်ဆင္းမႈႏွင့္ ကာလသားေရာဂါ တိုက္ဖ်က္ေရးဌာန အဖြဲ႕ေခါင္းေဆာင္ ေဒါက္တာ ရဲပိုင္က ေျပာပါတယ္။

ဒီဇင္ဘာလ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ျပည္သူရင္ျပင္မွာ ကမၻာ့ခုခံအားက်ဆင္းမႈေရာဂါတိုက္ဖ်က္ေရးေန႔ အခမ္းအနားကို က်င္းပခဲ့တာပါ။

Soundbite – ေဒါက္တာရဲပိုင္ (အဖြဲ႕ေခါင္းေဆာင္ဆရာ၀န္)
ခုခံက်ဆင္းမႈႏွင့္ကာလသားေရာဂါတိုက္ဖ်က္ေရးဌာန(ရန္ကုန္တိုင္းေဒသႀကီးျပည္သူ႔က်န္းမာေရးဦးစီးဌာန)

ဒါ့အျပင္ HIV ဗိုင္းရပ္စ္ ကူးစက္ခံရမႈ အမ်ားဆုံးေဒသက ရန္ကုန္တိုင္းေဒသႀကီးျဖစ္ၿပီး လိင္အလုပ္သမေတြ၊ အမ်ိဳးသားခ်င္း ခ်စ္ခင္စုံမက္က်သူေတြၾကား ကူးစက္ခံရတာ အမ်ားဆုံးျဖစ္ပြားတာျဖစ္ပါတယ္။ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္ေတြမွာေတာ့ မူးယစ္ေဆးကို အေၾကာထဲသြင္းတဲ့ေနရာမွာ ေဆးသြင္းအပ္ မွ်ေ၀သုံးစြဲတာေတြကေန ကူးစက္ခံရတာ အမ်ားဆုံးျဖစ္တယ္လို႔ ေျပာပါတယ္။

Soundbite – ေဒါက္တာရဲပိုင္ (အဖြဲ႕ေခါင္းေဆာင္ဆရာ၀န္)
ခုခံက်ဆင္းမႈႏွင့္ကာလသားေရာဂါတိုက္ဖ်က္ေရးဌာန(ရန္ကုန္တိုင္းေဒသႀကီးျပည္သူ႔က်န္းမာေရးဦးစီးဌာန)

HIV ဗိုင္းရပ္စ္ကူးစက္ခံရတ့ဲ အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံဟာ အဆင့္ ၄ ေနရာမွာရွိၿပီး အဆင့္ ၁ မွာ ကေမၻာဒီးယား၊ အဆင့္ ၂ မွာ ထိုင္းနဲ႕ အဆင့္ ၃ မွာ ဗီယမ္နမ္တို႔ျဖစ္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ HIV ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂ သိန္းေက်ာ္ခန္႔ရွိၿပီး ေရာဂါပိုးအသစ္ကူးစက္ခံရသူမွာ ၂၀၀၀ ျပည့္ႏွစ္က လူဦးေရ ၃ ေသာင္းေလာက္ရွိရာက ၂၀၁၇ ခုႏွစ္မွာေတာ့ ၁ေသာင္းေလာက္သာ ရွိေတာ့တယ္လို႔ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္ ခင္ဗ်ာ။

မန်မာနိုင်ငံက လူငယ်အများစုဟာ မူးယစ်ဆေးဝါးအကြောထဲသွင်းတာတွေ၊ လိင်တူလိင်ကွဲအပျော်အပါး လိုက်စားတွေကနေ HIV ဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

လူငယ်အများစုဟာ လိင်တူလိင်ကွဲ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေ မူးယစ်ဆေးကို အကြောထဲသွင်းရမှာ အသုံးပြုတဲ့အပ်ကို မျှဝေသုံးစွဲတာတွေကနေ HIV ဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတာဖြစ်တယ်လို့ ခုခံကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရဲပိုင်က ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ ပြည်သူရင်ပြင်မှာ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။

Soundbite – ဒေါက်တာရဲပိုင် (အဖွဲ့ခေါင်းဆောင်ဆရာဝန်)
ခုခံကျဆင်းမှုနှင့်ကာလသားရောဂါတိုက်ဖျက်ရေးဌာန(ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန)

ဒါ့အပြင် HIV ဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးဒေသက ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး လိင်အလုပ်သမတွေ၊ အမျိုးသားချင်း ချစ်ခင်စုံမက်ကျသူတွေကြား ကူးစက်ခံရတာ အများဆုံးဖြစ်ပွားတာဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာတော့ မူးယစ်ဆေးကို အကြောထဲသွင်းတဲ့နေရာမှာ ဆေးသွင်းအပ် မျှဝေသုံးစွဲတာတွေကနေ ကူးစက်ခံရတာ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

Soundbite – ဒေါက်တာရဲပိုင် (အဖွဲ့ခေါင်းဆောင်ဆရာဝန်)
ခုခံကျဆင်းမှုနှင့်ကာလသားရောဂါတိုက်ဖျက်ရေးဌာန(ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန)

HIV ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၄ နေရာမှာရှိပြီး အဆင့် ၁ မှာ ကမ္ဘောဒီးယား၊ အဆင့် ၂ မှာ ထိုင်းနဲ့ အဆင့် ၃ မှာ ဗီယမ်နမ်တို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သိန်းကျော်ခန့်ရှိပြီး ရောဂါပိုးအသစ်ကူးစက်ခံရသူမှာ ၂၀ဝ၀ ပြည့်နှစ်က လူဦးရေ ၃ သောင်းလောက်ရှိရာက ၂၀၁၇ ခုနှစ်မှာတော့ ၁သောင်းလောက်သာ ရှိတော့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ် ခင်ဗျာ။

?bph6