
0
106




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘောဇဘဏ် Bank of the Year in Myanmar ဆု ခြောက်နှစ်မြောက် ဆက်ရ

အင်္ဂလန်နိုင်ငံ၊ လန်ဒန်အခြေစိုက် ဖိုင်နန်ရှယ် တိုင်းမ်စ် က ပေးအပ်တဲ့ Bank of the Year in Myanmar 2018 ဆုကို ခြောက်နှစ်မြောက် ဆက်တိုက်အဖြစ် ကမ္ဘောဇဘဏ်က ရရှိသွားပါတယ်။

ဆုချီးမြှင့်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က လန်ဒန်မြို့ရှိ ရှရယ်တန် ဂရန်း လန်ဒန် ပါ့ခ် လိန်း ဟိုတယ်မှာ ကျင်းပခဲ့ပြီး ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ဆုကို လက်ခံရယူပါတယ်။ ကမ္ဘောဇဘဏ်ဟာ နည်းပညာအသစ်တွေ မိတ်ဆက်တာ၊ နိုင်ငံရဲ့ ဘဏ္ဍာရေးနယ်ပယ်မှာ အဓိက ဦးဆောင်တာတွေကြောင့် အခုလို ခြောက်နှစ်ဆက်တိုက် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်မှု အကောင်းဆုံးဆု ချီးမြှင့်ရာမှာ တရုတ်နိုင်ငံက တရုတ် ဆောက်လုပ်ရေးဘဏ် (CCB)၊ ဂျပန်နိုင်ငံက မစ်ဆူဘီရှိ UFJ ဖိုင်နန်ရှယ် ဂရု (ပ်)၊ အမေရိကန်က Bank of America နဲ့ အင်္ဂလန်က လွိုက် ဘဏ်အုပ်စုတို့လည်း ဆုတွေ ရရှိကြပါတယ်။

?bph6